ဓာတ်ဆီပေပါတွေထဲ ရေရောပြီးရောင်းတဲ့ ကုန်တင်ယာဉ်နှစ်စီးကို ပြည်သူတွေက တိုင်တန်းလာတဲ့အတွက် ကောလင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်
ဇူလိုင် ၁၈ ၊ ၂၀၂၂
ဓာတ်ဆီပေပါတွေထဲမှာ ရေတွေရောပြီးတော့ ရောင်းချတဲ့အတွက် ကားတွေ၊ ဆိုင်ကယ်တွေ ပျက်စီးနေတယ်ဆိုပြီး ပြည် သူတွေက တိုင်တန်းလာတဲ့အတွက်ကြောင့် ကုန်တင်ယာဉ်နှစ်စီးနဲ့ ယာဉ်မောင်းတွေကို ထိန်းသိမ်းထားတယ်လို့ ကော် လင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၁၈ ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
ကောလင်းမြို့ကို ဇူလိုင် ၁၆ ရက်မှာ ကုန်တင်ကားနှစ်စီးနဲ့ တင်ပို့လာတဲ့ ဓာတ်ဆီပေပါတွေထဲမှာ ရေရောပြီး ရောင်းချခဲ့တဲ့ အတွက် ကောလင်းမြို့ ဒေသခံတွေရဲ့ ကားတွေ၊ ဆိုင်ကယ်တွေ ပျက်စီးနေရတယ်ဆိုပြီး တို င်ကြားလာတဲ့အတွက် အခုလို မျိုး ထိန်းသိမ်းထားရတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်ထဲဖော်ပြထားတာပါ။
ထိန်းသိမ်းထားတဲ့ ကုန်တင်ယာဉ် နှစ်ဦးက ၁၂ ဘီးယာဉ် 4N/ 6650 နဲ့ ခြောက်ဘီးယာဉ် 8J / 3962 တို့ဖြစ်ပြီး ကောလင်း မြို့နယ် ပြည်သူအုပ်ချုပ်ရေး (ပအဖ)၊ ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး(ပကဖ)၊ ကောလင်းမြို့နယ် ပြည်သူ့လုံခြုံ ရေး(ပလဖ) တို့က ခေတ္တထိန်းသိမ်းထားပြီး နစ်နာတဲ့ ပြည်သူတွေနဲ့ ကုန်သည်တွေအကြား ဆွေးနွေးညှိနှိုင်းပေးနေတာ ပါ။
ကောလင်း မြို့နယ် ပြည်သူအုပ်ချုပ်ရေး (ပအဖ) အနေနဲ့ကတော့ နောင်မှ အခုလိမျိုး အများပြည်သူကို ထိခိုက်အောင် လုပ်ဆောင်လာတဲ့ မည်သူကိုမဆို ဖမ်းဆီးပြီး ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေ ချမှတ်သွားမှာဖြစ်တယ်လို့ အသိပေးထားပါ တယ်။
ကောလင်းခရိုင်ထဲမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ အားလုံးကို ဇူလိုင် ၁၅ ရက် နောက်ဆုံးထား ပြီးတော့ ရာထူးက စွန့်ခွာကြဖို့အတွက်နဲ့ တာဝန်ကျ နယ်မြေတွေကနေ စွန်ခွာကြဖို့အတွက်လည်း ကောလင်းခရိုင် ပြည် သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။