ဒေသကာကွယ်ရေးတပ်ဖွဲ့များက နည်းပညာသုံး ဗုံးကျဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သားတွေ သေဆုံး

ဒေသကာကွယ်ရေးတပ်ဖွဲ့များက နည်းပညာသုံး ဗုံးကျဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သားတွေ သေဆုံး
ဒီဇင်ဘာ ၃၀၊ ၂၀၂၁

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်းက အောင်ဆန်းတပ်ဖွဲ့ MPDF အဖွဲနဲ့ မဟာမိတ် ပုံတောင်တိုက်ဂါးအဖွဲ့တို့ ပူးပေါင်းပြီး မနေ့က နည်းပညာအသုံးပြုပြီး လေပေါ်မှ ဗုံးကျဲတိုက်ခိုက်မှု ၅ ကြိမ်အထိ ပြုလုပ်ခဲ့ရာ အကြမ်းဖက်စစ်သားတွေ သေဆုံးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ပါတယ်။

သတင်းထုတ်ပြန်ချက်မှာတော့ “ယနေ့(ဒီဇင်ဘာ ၂၉ ရက်) ၉ နာရီ ၅ မိနစ်အချိန်မှာ တစ်ကြိမ်၊ နံနက် ၁၁ နာရီ ၂၂ မိနစ်နဲ့ မွန်းလွဲ ၁၂ နာရီ ၃၈ မိနစ်တွေမှာ ကန့်ဒေါင့်အနောက်ဘက်ကို ထွက်လာတဲ့ အင်အား ၅၀ ခန့်ရှိတဲ့ စစ်ခွေး တွေ စခန်းချရာ စိမ်းစိုရုံးမှာ နှစ်ကြိမ်၊ မွန်းလွဲ ၂ နာရီ ၃၁ မိနစ်နဲ့ ညနေ ၆ နာရီ မိနစ် ၅၀တွေမှာ ဂန့်ဂေါကနေ ပုလဲ ကိုဆင်လာတဲ့ စစ်ခွေးယာဉ်တန်းခေတ္တရပ်နားရာ နဂါးမတောင်ကွေ့မှာ နှစ်ကြိမ်၊ စုစုပေါင်း ၅ ကြိမ် တိုက်ခိုက်မှု တွေလုပ်ခဲ့တဲ့အတွက် စစ်ခွေအများအပြား ထိခိုက်ကျဆုံးနိုင်တယ်” လို့ အောင်ဆန်းတပ်ဖွဲ့ MPDFက ဖော်ပြ ထားပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ နည်းပညာသုံး လေပေါ်မှာ ဗုံးကျဲတိုက်ခိုက်မှုလို့ပဲ ဖော်ပြထားပြီး တိတိကျကျတော့ မဖော်ပြထားပါဘူး။

ဒီဇင်ဘာ ၂၉ ရက် (မနေ့က)ပဲ မကွေးတိုင်း ရေစကြိုမြို့နယ်၊ စစ်ကိုင်းတိုင်းပုလဲမြို့နယ်နဲ့ မုံရွာမြို့တွေက ကာကွယ် ရေးတပ်ဖွဲ့ဝင်တွေ စုပေါင်းပြီးတိုက်ခိုက်ခဲ့တာကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်က ၉ ယောက်ထပ်မနည်း သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေက သတင်းထုတ်ပြန်ပါတယ်။

မဟာမိတ်ညီနောင်အဖွဲ့တွေဖြစ်တဲ့ ရေစကြိုမြို့နယ် N-YSO ပြောက်ကျားတပ်ဖွဲ့! Myaung Special People’s Defense Force – MSPDF ၊ ချောင်းဦးပြည်သူ့ကာကွယ်ရေးတပ် – CHU PDF နဲ့ မြင်းခြံ 27 Revolution Forces အဖွဲ့တွေစုပေါင်းပြီး မနေ့က မွန်းလွဲ ၁ နာရီခန့်မှာ အကြမ်းဖက်စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်တာ ကြောင့် အကြမ်းဖက်စစ်တပ်က ၇ ဦးသေဆုံးခဲ့တယ်လို့လည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ် ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ကန်သာယာမြောက်ဘက်မှာရှိ အကြမ်းဖက်စစ်ကောင်စီတပ်တွေ ဝင်ရောက် စစ်ဆေးလေ့ရှိတဲ့ ကြားဖြတ်စစ်ဆေးရေးဂိတ်ကိုလည်း မုံရွာမြို့ပြပြောက်ကျား Monywa NightKingအဖွဲ့က ဗုံးခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်က ၂ ယောက်သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ရဲ့ သတင်းထုတ်ပြန်ချက်မှာ တွေ့ရ ပါတယ်။
#SpringRevolution
#PVTV
#PVTVNews

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.