ဒီးမော့ဆိုတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က အများအပြား ထပ်မံသေဆုံးဟု ဒီးမော့ဆို PDF ထုတ်ပြန်
မတ် ၆၊ ၂၀၂၂
ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြိုနယ်မှာ မနေ့က နေရာနှစ်ခုမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီးတော့ အကြမ်းဖက် စစ်ကောင်စီတပ်သား ၃၅ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
မတ်လ ၅ရက်နေ့က ဒီးမော့ဆိုမြို့နယ် သေးဆူလဲ ကျေးရွာနဲ့ ဒေါနော်ကူး ကျေးရွာအကြား ကို ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒီးမော့ဆို PDF နဲ့ KGZ တပ်ပူးပေါင်း ခုခံတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ငွေတောင်ကျေးရွာအုပ်စု ဘုရားငုတ်တိုကျေးရွာ ကျောက်ဆည်ကန်သို့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ဒီးမော့ဆို PDF၊ ဒေသတွင်း မဟာမိတ် ပူးပေါင်းတပ်ဖွဲ့၊ CTUနည်ပညာလက်ရုံးတပ် နဲ့ အခြားတော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး ခုခံတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး တော့ အကြမ်းဖက်စစ်သားတွေသေဆုံးထိခိုက်မှုများသလို ဒီးမော့ဆို PDFမှ ရဲဘော် ၄ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လက်ချက်ကြောင့် CTU နည်းပညာ လက်ရုံးရေးတပ်ရဲ့ ဒရုန်း ၁စင်း ထိမှန်ပျက်စီးခဲ့ တယ်လို့ ဆိုပါတယ်။
တိုက်ပွဲမှာ အထိနာခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဟာ ည ပိုင်းမှာ အပြစ်မဲ့ပြည်သူတွေ ရှိရာသို့ တာဝေးပစ်အမြောက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒီးမော့ဆို PDFက ထုတ်ပြန်ပါတယ်။
ဒီးမော့ဆိုမြို့နယ်နဲ့ ရှမ်း-ကယား နယ်စပ် ဒေသတွေမှာ ဖေဖော်ဝါရီ လလယ်က စပြီး အကြမ်းဖက် စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုတွေကို ကရင်နီဒေသကာကွယ်ရေးပူပေါင်းတပ်ဖွဲ့တွေ ပူးပေါင်းပြီး ခုခံတွန်းလှန်နေတာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၆ရက်ကနေ မတ်လ ၅ရက်နေ့အထိ နေ့စဉ် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်