ဒီမိုကရေစီလုပ်ငန်းတွေ လုပ်နေတဲ့အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို အဆိုပြုထားတာဆိုပြီး ပြည်ထောင်စု ဝန်ကြီး ဦးလွင်ကိုလတ်က မှတ်ချက်ပြုပြောကြား
ဖေဖော်ဝါရီ ၄ ၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရကို နော်ဝေနိုင်ငံဝန်ကြီးက ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက်အဆိုပြုထားတဲ့အပေါ် မှာ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ဒီမိုကရေစီလုပ်ငန်း တွေလုပ်ဆောင်နေတဲ့အတွက်ကြောင့်ဆိုပြီး မှတ်ချက်ပြုပြောကြားလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရက ဒီမိုကရေစီလုပ်ငန်းတွေကို ပြည်သူတွေကိုယ်စားလုပ်ဆောင်ပေးနေတဲ့ အစိုးရ ဖြစ်တဲ့အတွက်ကြောင့်နဲ့ ပြည်သူတွေကို တရားဝင်ကိုယ်စားပြုထားသလို တိုင်းရင်သားတွေပါတဲ့ ညွှန့်ပေါင်းအစိုး ညီညွတ်ရေးအစိုးရဖြစ်ပြီးတော့ ပြည်ပရောက်နေတဲ့ ပြည်ပရောက်အစိုးရမဟုတ်ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ဒယ်တာနယူးကို ပြောကြားထားတာပါ။
NUGအစိုးရဟာ ပြည်သူတွေကို တရားဝင် ကိုယ်စားပြုထားသလို တိုင်းရင်းသားတွေပါ ပါဝင်တဲ့ ညွန့်ပေါင်းအစိုးရ၊ ညီညွတ်ရေးအစိုးရဖြစ်ပြီး ပြည်ပရောက် အစိုးရမဟုတ်ဘူးလို့ သူကပြောပါတယ်။
နော်ဝေ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဟောင်းနဲ့ နော်ဝေလွှတ်တော်အမတ် Ola Elvestuen က ၂၀၂၂ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် NUG အစိုးရကို အဆိုတင်သွင်းခဲ့တာပါ။
‘ပြည်တွင်းနေရာအနှံ့ကနေခွဲပြီး မြန်မာပြည်သူတွေကိုယ်စား နိုင်ငံတော်ကို အုပ်ချုပ်ခွင့်ရဖို့ နည်းလမ်းအသစ်နဲ့ ဆောင်ရွက်နေတာတွေဟာ ကမ္ဘာတစ်ဝန်းက ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးဆောင်ရွက်နေသူအားလုံးကို တွန်းအားဖြစ်စေပါတယ်’ လို့ ဦးလွင်ကိုလတ်က ဒယ်တာနယူးကိုပြောထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့လုပ်ဆောင်ချက်တွေကို ကမ္ဘာနိုင်ငံအသီးသီးကလည်းထောက်ခံနေကြတဲ့အပြင် ကိုယ်စားလှယ်ရုံးတွေလည်း ဖွင့်ထားနိုင်နေတာကို တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။