ဒီမိုကရေစီဖက်ဒရယ်စနစ်အကြောင်းလေ့လာလိုသူတွေအတွက် ရည်ရွယ်ပြီး Sustainable Political Development Sharing Program ပြုလုပ်မယ်
ဇူလိုင် ၁၆ ၊ ၂၀၂၂
တော်လှန်ရေးထဲမှာ လိုအပ်နေတဲ့ အသိပညာတွေ လေ့လာနားလည်လိုတဲ့ လူငယ်တွေ၊ ဒီမိုကရေစီဖက်ဒရယ် စနစ်အ ကြောင်းလေ့လာလိုသူတွေ၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံရေးနယ်ပယ် ခြေဆန့်လိုသူတွေအတွက် ရည်ရွယ်ပြီး Sustainable Political Development Sharing Program – Batch 4 ကို ပြုလုပ်ပါတော့မယ်။
ဒီမိုကရက်တစ် လူငယ်ကောင်စီက ဒီပရိုဂရမ်ကို ပြုလုပ်တာဖြစ်ပြီးတော့ လူထုအင်အားဖြင့်အပြောင်းအလဲကို ဖေါ်ဆောင် တာ ၊ United Nation and Advocacy ၊ Approaching to Basic Political Management ဘာသာရပ်တွေကို သင်ကြား မှာဖြစ်ပြီးတော့ သင်တန်းပြီးသွားပါကလည်း လူမှုရေးလုပ်ငန်းတွေနဲ့ အခြားပညာတော်သင်လုပ်ငန်းတွေမှာ ပါဝင်ချိတ် ဆက်ခွင့်တွေ ရရှိသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
သင်တန်းကို ဇူလိုင် ၂၉ ရက်ကနေ ဇူလိုင် ၃၁ ရက်အထိ ၃ ရက်ကြာ ပြုလုပ်မှာဖြစ်ပြီး သင်တန်းချိန်က ညနေ ၅ နာရီကနေ ၈ နာရီ အထိ သင်ကြားပေးသွားမှာဖြစ်ပါတယ်။ သင်တန်းသားဦးရေကို အယောက် ၅၀ သာ လက်ခံသွားမှာဖြစ်တဲ့ အတွက် အမြန်လျှောက်ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။ သင်တန်းတက်ရောက်လိုသူတွေအနေနဲ့ https://forms.gle/Pn1Wt5pyZTprRSVd8 မှာ စာရင်းပေးသွင်းတက်ရောက်နိုင်ပါတယ်။
ဒီမိုကရက်တစ် လူငယ်ကောင်စီကတော့ အာဏာရှင်စနစ် နိဂုံးချုပ်ပေးရေးအတွက် ပါဝင်နေကြတဲ့ လူငယ်တွေရဲ့ လိုအပ်တဲ့ အသိပညာ၊လေ့လာစရာတွေကို တတ်မြောက်နားလည်ခြင်းကလည်း ဒီမိုကရေစီအရေး၊ဖက်ဒရယ်အရေး ဆောင်ရွက်ချက်တွေမှာ အထောက်အကူပြုစေနိုင်မှာဖြစ်တယ်လို့ ဆိုထားသလို နိုင်ငံရေးအဆင့်မြင့်တင်မှုဆိုင်ရာ သင်တန်းအတွက် နိုင်ငံရေးစိတ်ဝင်စားပြီး နိုင်ငံရေးက မိမိတိုရဲ့ အရေးဖြစ်တယ်လို့ ခံယူထားကြတဲ့ လူငယ်တွေ ပါဝင်တက်ရောက်နိုင်တယ်လို့ ဖိတ်ခေါ်ထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။