ဒီပဲယင်း ကွဲကျေးရွာကို အကြမ်းဖက်စစ်တပ်နဲ့ ပျုစောထီးတွေက လက်နက်ကြီးတွေပစ်ပြီး ဝင်ရောက်စီးနင်း
◼️ သီတဂူ နာယက ၁၀ ပါး စာရင်းဝင် အရှင်ဂန္ဓသာရနဲ့ ပြည်သူနှစ်ဦးကို ရွှေဂူကျောင်းတိုက် အတွင်းမှာပဲ ပစ်သတ်ခဲ့
ဇန်နဝါရီ ၆ ၊ ၂၀၂၃
စစ်ကိုင်းတိုင်း၊ ဒီပဲယင်း ကွဲကျေးရွာကို အကြမ်းဖက်စစ်တပ်နဲ့ ကြွယ်ပုံ ပျူစောထီးတွေက ဒီနေ့မနက် ၅ နာရီမှာ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်မှုတွေပြုလုပ်ပြီး ကျေးရွာအတွင်း စီးနင်းဝင်ရောက်ခဲ့ပါတယ်။
အဲဒီလို စီးနင်းဝင်ရောက်တဲ့အခါမှာ ရွေ့ဂူကျောင်းတိုက်အတွင်းဝင်ရောက်ပြီး “သီတဂူ ဗုဒ္ဓတက္ကသိုလ်မှ BA. Buddha ဘွဲ့ရ၊ သီတဂူ နာယက ၁ဝ ပါး စာရင်းဝင် အရှင်ဂန္ဓသာရ (စာချဆရာတော်၊ မန္တလေးမြို့ မဟာမင်းဒင်စာသင်တိုက်)” နဲ့ ပြည်သူနှစ်ဦးကို ရွှေဂူကျောင်းတိုက် အတွင်းမှာပဲ ပစ်သတ်ခဲ့တယ်လို့ စစ်ကိုင်းခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၁ က သတင်းထုတ် ပြန်ထားပါတယ်။
သီတဂူ နာယက ဆရာတော် အရှင်ဂန္ဓသာရက ဇန်နဝါရီ ၅ ရက် ညနေပိုင်းမှာ မန္တလေးမြို့ကနေ ဒီပဲယင်း ကွဲကျေးရွာကို ခတ္တကြွရောက်လာတဲ့အချိန် အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတွေရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတာပါ။
သံဃာတွေနဲ့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတွေကို စစ်ကိုင်း ခရိုင် တပ်ရင်း ၁ ၊ စစ်ကိုင်းခရိုင် တပ်ရင်း ၈ နဲ့ ဒီပဲယင်းကွဲ ပ.က.ဖ တို့က ပူးပေါင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း လက်နက်အင်အား မမျှတဲ့အတွက် ခေတ္တဆုတ်ခွာပေးခဲ့ရတယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေဘက် ၂ ဦးက တိုင်းပြည်အတွက် အသက်စွန့် လွှတ်ခဲ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါအပြင် ဒီပဲယင်းကွဲကျေးရွာက အိမ်ခြေ ၅၀ ကျော်ကိုလည်း အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတွေက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
မနေ့ဖြစ်တဲ့ တိုက်ပွဲအတွင်းမှာတော့ စစ်ကိုင်းခရိုင် တပ်ရင်း (၁)၊ စစ်ကိုင်းခရိုင် တပ်ရင်း (၈)နဲ့ ဒီပဲယင်းကွဲ ပကဖမှ စနိုက်ပါနဲ့ ပစ်ခတ်မှုကြောင့် ကြွယ်ပုံပျူစောထီးတစ်ဦးသေပြီးနောက် ပျူစော ထီးတွေနဲ့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်ခတ်မှုတွေလုပ်ခဲ့တာပါ။
မိုးကြိုး ၊ တောင်ကြား ၊ အင်းမ ၊ ဒီပဲယင်းကွဲ၊ စံသစ် အစရှိတဲ့ ပ.က.ဖ အဖွဲ့တွေနဲ့ မုံရွာ ပ.က.ဖ ၊ စစ်ကိုင်းခရိုင် တပ်ရင်း (၈)၊ စစ်ကိုင်းခရိုင် တပ်ရင်း (၁) တို့ပူးပေါင်းပြီး လက်နက်ကြီးနဲ့ ပြန်လည် ပစ်ခတ်ခဲ့တဲ့အတွက် . ကြွယ်ပုံပျူစောထီးနဲ့ အကြမ်းဖက် စစ်တပ်ဘက်က စစ်သားများကို လူနာတင် နာရေးကား ၅ စီးဖြင့် လာရောက်သယ်ယူသွားခဲ့ရတယ်ဆိုတာနဲ့ အဲဒီဖြစ်စဉ်ကို အကြောင်းပြုပြီး ဒီပဲယင်းကွဲကျေးရွာကို ကြွယ်ပုံပျူစောထီးတွေနဲ့ အကြမ်းဖက်စစ်တပ်တို့က ဝင်ရောက်တိုက်ခိုက်တာဖြစ်တယ်လို့ စ်ကိုင်း ခရိုင် တပ်ရင်း ၁ ရဲ့ တပ်ရင်းမှူး ဗိုလ်ယက္ခကပြော ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar
တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။