ဒီပဲယင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ လုံခြုံရေး စောင့်ရှောက်မှုနဲ့ ပြည်သူအများအပြား ဆန္ဒပြချီတက်
ဇွန် ၂၈ ၊ ၂၀၂၂
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ လုံခြုံရေးစောင့်ရှောက်မှုနဲ့ ပြည်သူအင်အား အများ အပြားက အကြမ်းဖက်စစ်တပ်ကျရှုံးရေး ချီတက်ဆန္ဒပြမှုကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြပွဲကို ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ အမျိုးသမီးရဲဘော်နှစ်ဦးက သေနတ်တွေနဲ့ ဦးဆောင်ပြီး ကာကွယ်မှုပေးထားသ လို ဆန္ဒပြ ပြည်သူတွေကလည်း ‘လူထုရဲ့ တော်လှန်မှုက တိုင်းပြည်အနာဂတ်’ ဆိုတဲ့စာသားတွေ ကိုင်ဆောင်ပြီး ချီတက် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။