ဒီနေ့ (၄၄) လမ်းမှာ ဒလန်သတင်းပေးမှုကြောင့် ရဲနှင့်စစ်သားများ ဝင်ရောက်ဖမ်းဆီးရာ လူငယ် (၅) ဦး ။ ကျား (၄) ဦး ၊ မ(၁) ဦးတို့ တိုက်ပေါ်မှ ခုန်ချခဲ့တဲ့ဖြစ်စဉ်မှာ အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ရဲနှှင့်စစ်သားများ အပြန်အလှန်ပြောဆိုခဲ့ကြတဲ့ အသံဖိုင်ဖြစ်ပါတယ်။ အသံများအရ ဝင်ရောက်ဖမ်းဆီးတာက
ဗိုလ်တထောင်မြို့နယ်မှူး ခရိုင်ရဲတပ်ဖွဲ့မှူး
ဗြူဟာမှူး ဗိုလ်မှူးကြီးစိုးထွန်းနဲ့ပူးပေါင်းအဖွဲ့ဖြစ်ပြီး ပြောကြားနေမှုတွေမှာ အဘသီဟ ဆိုသူနှင့် စိန်လှိုင်ဝင်းဆိုသူလဲ ပါဝင်တာကို ကြားရပါတယ်။
ပြောကြားချက်များအရ တိုက်ပေါ်မှခုန်ချသော လူငယ် (၅) ဦးစလုံးသေဆုံးသွားဖွယ်ရှိပါတယ်။
Like – 33K Share – 13014