ဒီနေ့ နေ့လည်ပိုင်း KNDF နဲ့ စစ်ကောင်စီ လွိုင်ကော် တိုက်ပွဲမှာ စစ်ကောင်ဘက် ထိခိုက်ကျဆုံးမှုကို မသိရသေး
ဇန်နဝါရီ ၁၀၊ ၂၀၂၂
ကယားပြည်နယ် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်မှာ ဒီနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့ နေ့လည်ပိုင်း စစ်ကောင်စီနဲ့ KNDF တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲမှာ အချိန်အနည်းငယ်ကြာမြင့်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှု အခြေနေကို အသေးစိတ်မသိရဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေ့ကျေးရွာထဲမှာ KNDF က နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့ချိန် လက်နက်ကြီး လက်နက်ငယ်ကျည်တွေကို သိမ်းဆည်းရမိတဲ့အပြင် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် တယောက်ရဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းကို လူသားချင်းစာနာထောက်မှုနဲ့ မီးရှို့သဂြိုလ်ပေးခဲ့တယ်လို့ KNDF က ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ လွိုင်ကော်မြို့ထဲမှာ ရှိတဲ့ ရပ်ကွက်တွေထဲမှာ တိုက်ပွဲဖြစ်ပွားနေမှုကို အခွင့်ကောင်းယူပြီး မသမာသူတွေက ပြည်သူတွေတွေရဲ့ အိုးအိမ်စည်းတွေကို ဖောက်ထွင်းပြီး အဖိုးတန် ပစ္စည်းတွေကို ခိုးယူနေတယ်လို့ သိရပါတယ်။
ဒီလို ပြည်သူလူထု အိုးအိမ်စည်းစိမ်ကို ဖောက်ထွင်းခိုးယူနေတဲ့ မသမာသူတွေကို ထိထိရောက်ရောက် အရေးယူမယ်လို့ KNDF က ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ လွိုင်ကော်မြို့ပေါ်က ရပ်ကွက်တွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့လဲ အပြင်မထွက်ပဲ လုံခြုံတဲ့ နေရာမှာသာ နေထိုင်ကြဖို့ KNDF က သတိပေးထားပါတယ်။
ဒါနဲ့ တဆက်ထဲ ကယားပြည်နယ် ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့တွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက အထိနာနေတာကြောင့် လေကြောင်းတိုက်ခိုက်မှုကို ပိုမိုပြင်းထန်အောင် ပြုလုပ်နေတဲ့အတွက် ပြည်သူလူထုက လုံခြုံတဲ့ အစီအမံတွေ ကြိုတင်လုပ်ဆောင်ကြဖို့နဲ့ လုံခြုံတဲ့ နေရာတွေမှာသာ နေထိုင်ကြဖို့ KNDF က ထပ်မံတိုက်တွန်းထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews