ဒီနေ့ ဇူလိုင် ၉ ရက် စနေနေ့အတွက် တင်ဆက်ပေးမယ့် သတင်းခေါင်းစဉ်တွေကတော့
– ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဂျပန်ဝန်ကြီးချုပ်ဟောင်း ကွယ်လွန်ခြင်းအပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့လိုက်တယ်ဆိုတဲ့ သတင်း၊
– ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော် မတီနဲ့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြု ကော်မတီတို့အကြား ဒုတိယအကြိမ်ဆွေးနွေးမှု တွေပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်း၊
– နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရက လူသားချင်း စာနာထောက်ထားမှု အကူအညီတွေပေးနေတယ်ဆိုတဲ့သတင်း၊
– တမူးမြို့မှာ အိန္ဒိယနိုင်ငံသားနှစ်ဦး သတ်ဖြတ်ခံရတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာ ချက်ထုတ်ပြန်လိုက်တဲ့သတင်း၊
– အကြမ်းဖက်စစ်ကောင်စီဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က တရားဝင်မှု မရှိဘူးဆိုတာနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုံးဝအသိအမှတ် မပြုဘူးလို့ ကြေညာချက်ထုတ်ပြန် လိုက်တဲ့သတင်းနဲ့
ဒီနေ့အတွက် မြန်မာနိုင်ငံတဝှမ်းက လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ပါဝင်တဲ့ စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြလူထုသပိတ် သတင်းတွေ ပဲဖြစ်ပါတယ်။
#SpringRevolution
#PVTV
#DailyNews