ဒီနေ့ ဇူလိုင် ၈ ရက် သောကြာနေ့အတွက် တင်ဆက်ပေးမယ့် သတင်းခေါင်းစဉ်တွေကတော့


ဒီနေ့ ဇူလိုင် ၈ ရက် သောကြာနေ့အတွက် တင်ဆက်ပေးမယ့် သတင်းခေါင်းစဉ်တွေကတော့
– မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေး အစိုးရက ကြေညာချက် ထုတ်ပြန်လိုက်တဲ့သတင်း၊
– အခွန်ထမ်းနေတဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဂုဏ်ယူစွာမှတ်တမ်းတင်ထား တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်လိုက်တဲ့သတင်း၊
– မိုးတွင်းမှာ အခက်အခဲပေါင်းစုံကြုံနေရတဲ့ စစ်ဘေးရှောင်အမျိုးသမီး တွေအတွက် ‘ကမ်းလက်လွှမ်းခြုံ ဇွန်ပန်းရုံ’ အမည်ပေးထားတဲ့ ကံစမ်းမဲရောင်းပြီး အလှူငွေရှာတဲ့ အစီအစဉ်ပြုလုပ်နေတယ်ဆိုတဲ့ သတင်း၊
– ကရင်ပြည်နယ်အတွင်း ထွက်ပြေးတိ်မ်းရှောင်နေရတဲ့ ပြည်သူတွေအိမ်ထဲကို အကြမ်းဖက်စစ်တပ်က ဖောက်ထွင်းဝင် ရောက်ပြီး ပစ္စည်းတွေ ခိုးယူတယ်လို့ KNU ဗဟိုက ထုတ်ပြန်လိုက်တဲ့သတင်း၊
– ဖလမ်းမြို့နယ်မှာ ဆွံ့အနေတဲ့ မသန်စွမ်း အမျိုးသမီးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့မှုကို ICNCC ကန့်ကွက်ရှုတ်ချလိုက်တဲ့ သတင်း၊
– ဒီနေ့အတွက် မြန်မာနိုင်ငံတဝှမ်းက လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ပါဝင်တဲ့ စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြလူထုသပိတ် သတင်းတွေ ပဲဖြစ်ပါတယ်။

#SpringRevolution
#PVTV
#DailyNews

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.