ဒီနေ့ ဇူလိုင် ၇ ရက် ကြာသာပတေးနေ့အတွက် တင်ဆက်ပေးမယ့် သတင်းခေါင်းစဉ်တွေကတော့
– ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက နှစ် (၆၀) ပြည့် ဆဲဗင်းဂျူလိုင်နေ့ကို သဝဏ်လွှာ ပေးပို့လိုက်တဲ့သတင်း၊
– စစ်အာဏာသိမ်းမှုတွေကို အမြစ်ဖြတ်ပြီး ထပ်မံမပေါ်ပေါက်စေဖို့ နွေဦးတော် လှန်ရေးကို အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဆဲဗင်းဂျူလိုင် သဝဏ်လွှာပေးပို့ရာမှာ ဖော်ပြ လိုက်တဲ့သတင်း၊
– ပြည်သူ့ဆန္ဒမပါဘဲ ဗန်းမောက်မြို့နယ်ထဲမှာ ဆက်ကြေးကောက်နေတဲ့ အဖွဲ့များ ရပ်တန့်ကြဖို့နဲ့ ကောက်ခံထားတာ တွေကို မူလပိုင်ရှင်ထံပြန်ပေးဖို့ မြို့နယ်(ပကဖ) သတိပေး လိုက်တဲ့သတင်း၊
– တော်လှန်ရေးအဖွဲ့တွေအားလုံးသဘောတူလက်ခံတဲ့ နိုင်ငံရေးဘုံရည်မှန်းချက်ကို ဆွေးနွေးအကောင် အထည်ဖော်ဖို့ ကျောင်းသားလက်ရုံးတပ် ၄ ဖွဲ့က သဘောထားကြေညာချက်ထုတ်ပြန်လိုက်တဲ့သတင်း
– ဒီနေ့အတွက် မြန်မာနိုင်ငံတဝှမ်းက လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ပါဝင်တဲ့ စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြလူထုသပိတ် သတင်းတွေ ပဲဖြစ်ပါတယ်။
#SpringRevolution
#PVTV
#DailyNews