ဒီနေ့ ဇူလိုင် ၆ ရက် ဗုဒ္ဓဟူး နေ့အတွက် တင်ဆက်ပေးမယ့် သတင်းခေါင်းစဉ်တွေကတော့
– ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ပြည်ထောင်စုဝန်ကြီးရဲ့ ပြည်သူ့ရဲတပ်ဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်း၊
– စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ ဖွဲ့စည်းထားတဲ့ သယံဇာတစီမံအုပ်ချုပ်မှု မြို့နယ်အဖွဲ့တွေနဲ့ ဝန်ကြီး ဌာနရဲ့ အတွင်းဝန်ဦးဆောင်တဲ့ အဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုတွေပြု လုပ်ခဲ့တယ်ဆိုတဲ့သတင်း၊
– ၇၃ နှစ်မြောက် ကော်သူးလေတပ်မတော်နေ့အတွက် ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြုလွှာပေးပို့ လိုက်တယ်ဆိုတဲ့သတင်း၊
– One Day Challenge လှုပ်ရှားမှုက ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲ အတွက် ဘတ်တစ်သန်း ပေးပို့လှူဒါန်းလိုက်တယ်ဆိုတဲ့သတင်း၊
– Foodpanda ပို့ဆောင်သူတွေရဲ့ အလုပ်သမားသပိတ်ကို ထောက်ခံတဲ့အနေနဲ့ Foodpanda ဝန်ဆောင်မှုကို အသုံးမပြု ကြဖို့အတွက် GSC တိုက်တွန်းလိုက်တယ် ဆိုတဲ့သတင်း၊
– တမူး-ကလေး အာရှလမ်းမကြီးပေါ် တမူး တပ်ရင်း ၃ က စစ်ဆေးမှုပြုလုပ်နေစဉ် ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ပြီးနောက် မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးလိုက်တယ်ဆိုတဲ့သတင်း
– ဒီနေ့အတွက် မြန်မာနိုင်ငံတဝှမ်းက လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ပါဝင်တဲ့ စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြလူထုသပိတ် သတင်းတွေ ပဲဖြစ်ပါတယ်။
#SpringRevolution
#PVTV
#DailyNews