ဒီနေ့ ဇူလိုင် ၁၉ ရက် အင်္ဂါ နေ့အတွက် တင်ဆက်ပေးမယ့် သတင်းခေါင်းစဉ်တွေကတော့
– စစ်ကျွန်ဘဝက လွတ်မြောက်ဖို့အတွက် အာဇာနည်စိတ် ဓာတ်ကို မွေးမြူကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားလိုက်တဲ့သတင်း၊
– တော်လှန်ရေးအောင်မြင်တဲ့အထိ ကြိုးစားတိုက်ပွဲဝင်မယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်က အာဇာနည်နေ့ မှာ ကတိပေးလိုက်တဲ့သတင်း၊
– စစ်အာဏာရှင်စနစ်ဆိုးကို မြန်မာမြေပေါ်က အမြစ်ဖြတ်ခြေမှုန်းမယ်လို့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ ကိုယ်စား CRPH ဥက္ကဌ ဦးအောင်ကြည်ညွှန့်ပြောကြားလိုက် တဲ့သတင်း၊
– မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ကို အမျိုး သားညီညွတ်ရေးအစိုးရနဲ့ တွေ့ဆုံဖို့အတွက် အရှေ့တောင် အာရှလွှတ်တော်အမတ်များ အဖွဲ့(APHR) က တိုက်တွန်းလိုက်တဲ့သတင်း၊
– ခင်ဦးမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်တပ်က မြေပြင်ကစစ် ကြောင်းထိုးနေသလို စစ်ပွဲသုံးရဟတ် ယာဉ်တွေနဲ့ ပြည်သူ တွေကို လိုက်လံပစ်ခတ်မှုပြုလုပ်နေတယ်ဆိုတဲ့သတင်းနဲ့ ဒီနေ့အတွက် မြန်မာနိုင်ငံတဝှမ်းက လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ပါဝင်တဲ့ စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြလူထုသပိတ် သတင်းတွေ ပဲဖြစ်ပါတယ်။
#SpringRevolution
#PVTV
#DailyNews