ဒီနေ့ ဇူလိုင် ၁၈ ရက် တနင်္လာ နေ့အတွက် တင်ဆက်ပေးမယ့် သတင်းခေါင်းစဉ်တွေကတော့


ဒီနေ့ ဇူလိုင် ၁၈ ရက် တနင်္လာ နေ့အတွက် တင်ဆက်ပေးမယ့် သတင်းခေါင်းစဉ်တွေကတော့
– ယိုင်နဲ့ ချိနဲ့နေပြီဖြစ်တဲ့ အကြမ်းဖက်စစ်ကောင်စီကို အပြီးတိုင်ဖြိုလှဲချဖို့ အကောင်းဆုံးအချိန်ဖြစ်နေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြော ကြားလိုက်တဲ့သတင်း၊
– Kaung For You ကျောင်းရဲ့ အချက်အလက်ပေါက်ကြားမှုကို အခွင့်ကောင်းယူပြီး ဖမ်းဆီးခြိမ်းခြောက် ငွေလိမ်လည်တာတွေကို စုံစမ်းဖော်ထုတ်ပြီး တရားမျှတမှု ရရှိစေရေး ဆောင်ရွက်သွားမယ်လို့ ပညာရေး ဝန်ကြီး ဌာနက ထုတ်ပြန်လိုက်တဲ့သတင်း၊
– ကြားကာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ တွေအကြား တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်ဆို တဲ့သတင်း၊
– ဓာတ်ဆီပေပါတွေထဲ ရေရောပြီးရောင်းတဲ့ ကုန်တင်ယာဉ် နှစ်စီးကို ပြည်သူတွေက တိုင်တန်းလာတဲ့ အတွက် ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်လိုက်တဲ့သတင်း၊
– မြေပြင်မှာ ကြုံနေရတဲ့ ဖြစ်ရပ်တွေကို ပြည်သူကို အသိပေးချင်တဲ့ အတွက် ကော်ဘရာစစ်ကြောင်းက ရဲဘော်တွေက ဇာတ်လမ်းတိုရိုက်ကူးထုတ်လွှင့်လိုက်တယ်ဆိုတဲ့သတင်းနဲ့ ဒီနေ့အတွက် မြန်မာနိုင်ငံတဝှမ်းက လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ပါဝင်တဲ့ စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြလူထုသပိတ် သတင်းတွေ ပဲဖြစ်ပါတယ်။

#SpringRevolution
#PVTV
#DailyNews

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.