ဒီနေ့ ဇူလိုင် ၁၆ ရက် စနေနေ့အတွက် တင်ဆက်ပေးမယ့် သတင်းခေါင်းစဉ်တွေကတော့
– ကလေးမြို့နယ်မှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေကို တိုက်ခိုက်ပြီး ပြည်သူ ၅၀ ခန့်ကို ကယ်ထုတ်နိုင်ခဲ့ တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန အသိပေးလိုက်တဲ့သတင်း၊
– နိုင်ငံရေး ရပ်တည်ချက်တူညီတဲ့ အဖွဲ့အစည်းအားလုံးနဲ့ အတူ လက်တွဲပြီး အာဏာသိမ်းစစ်အုပ်စုကို အဆုံးတိုင်ဖြိုချမယ်လို့ ကရင်အမျိုးသားအစည်းအရုံးက KNDO ဆီ သဝဏ်လွှာပေးပို့လိုက်တဲ့သတင်း၊
– ဒီမိုကရေစီဖက်ဒရယ်စနစ်အကြောင်းလေ့လာလိုသူတွေအတွက် ရည်ရွယ်ပြီး Sustainable Political Development Sharing Program ပြုလုပ်မယ်ဆိုတဲ့ သတင်း၊
– အကြမ်းဖက်စစ်တပ်ကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချတာ ချက်ချင်းပိတ်ပင်တဲ့ ပြဌာန်းချက် ချမှတ် ပေးဖို့ အိန္ဒိယအစိုးရကို Justice For Myanmar က တောင်းဆို လိုက်တဲ့သတင်းနဲ့ ဒီနေ့အတွက် မြန်မာနိုင်ငံတဝှမ်းက လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ပါဝင်တဲ့ စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြလူထုသပိတ် သတင်းတွေ ပဲဖြစ်ပါတယ်။
#SpringRevolution
#PVTV
#DailyNews