ဒီနေ့ ဇူလိုင် ၁၂ ရက် အင်္ဂါ နေ့အတွက် တင်ဆက်ပေးမယ့် သတင်းခေါင်းစဉ်တွေကတော့
– အမျိုးသားညီညွတ်ရေးအစိုးရ ၆၁ ကြိမ်မြောက် အစိုးရအဖွဲ့အစည်း ဝေးပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်း၊
– မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ တူညီတဲ့ တော်လှန်ရေး ဘုံဦးတည်ချက် အောက်မှာ စည်းလုံးညီညွတ်စွာ လုပ်ဆောင်ကြဖို့အတွက် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း ပြောကြားလိုက်တဲ့သတင်း၊
– ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီတို့ ဒုတိယအကြိမ်တွေ့ဆုံ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်း၊
– အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူတွေ ထွက်ပြေးတိမ်းနေရတယ်ဆိုတဲ့ သတင်း၊
– အာဇာနည်နေ့မှာ ပြည်သူတွေကို ရဲရဲတောက် သပိတ်ပြုလုပ် ကြဖို့ ဒီမိုကရက်တစ်လူငယ်ကောင်စီက တိုက်တွန်းလိုက်တဲ့သတင်း၊
– ချင်းတွင်းမြစ် အနောက်ဘက်ကမ်းဒေသ လူငယ်သပိတ် ခေါင်းဆောင်ကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးလိုက်ပြီး အသက်အန္တရာယ်စိုးရိမ်နေတယ်ဆိုတဲ့ သတင်း နဲ့ ဒီနေ့အတွက် မြန်မာနိုင်ငံတဝှမ်းက လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ပါဝင်တဲ့ စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြလူထုသပိတ် သတင်းတွေ ပဲဖြစ်ပါတယ်။
#SpringRevolution
#PVTV
#DailyNews