ဒီနေ့ ဇူလိုင် ၁၁ ရက် တနင်္လာ နေ့အတွက် တင်ဆက်ပေးမယ့် သတင်းခေါင်းစဉ်တွေကတော့
– ပညာရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် အခြေခံပညာပြီး မြောက်ကြောင်း စစ်ဆေးအကဲဖြတ်တာနဲ့ စပ်လျဉ်းပြီး ပြည်သူကို အသိပေးလိုက်တယ်ဆိုတဲ့သတင်း၊
– အမေရိကန်ဒေါ်လာ ၄၄ သန်းကျော်ထဲက လက်နက်ခဲယမ်းနဲ့ စစ်ဆင်ရေးအသုံးစရိတ်အဖြစ် ၆၂ဒသမ၅၇ ရာခိုင်နှုန်း အထိ အသုံးပြုခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီး ဌာန ထုတ်ပြန်လိုက်တဲ့သတင်း၊
– ရဲနဲ့ ထွေအုပ် အပါအဝင် NON-CDM ဝန်ထမ်းတွေ စစ်ကောင်စီ လက်အောက်က အမြန်ဆုံးထွက်ခွာဖို့ ဖယ်ခုံ PDF ထပ်မံသတိပေးလိုက်တဲ့သတင်း၊
– နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူပေါင်း ၂၀၇၄ ဦးအထိ ရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က စာရင်းထုတ်ပြန်လိုက်တဲ့သတင်း၊
– မုံရွာ-အမြင့်လမ်းပိုင်းကို ဒီနေ့မနက်မှာ ခေတ္တပိတ်ထားမှာဖြစ်ပြီး ပြည်သူတွေကို ဖြတ်သန်းသွားလာခြင်း မပြုဖို့ သတိပေးထားတယ်ဆိုတဲ့သတင်းနဲ့
ဒီနေ့အတွက် မြန်မာနိုင်ငံတဝှမ်းက လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ပါဝင်တဲ့ စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြလူထုသပိတ် သတင်းတွေ ပဲဖြစ်ပါတယ်။
#SpringRevolution
#PVTV
#DailyNews