“ဒီနေ့ဒီအချိန်ခါဟာ စစ်ကောင်စီက ပြည်သူ့ဆီကအာဏာကို မတရားရယူထားတဲ့အချိန်ဖြစ်တယ်၊ ဒီ…


“ဒီနေ့ဒီအချိန်ခါဟာ စစ်ကောင်စီက ပြည်သူ့ဆီကအာဏာကို မတရားရယူထားတဲ့အချိန်ဖြစ်တယ်၊ ဒီလိုအချိန်မှာ (ပြည်သူတွေဆီကကောက်ခံရရှိတဲ့) မီတာခကို ဝယ်ယူရေးမှာ ပြန်လည်သုံးမယ်လို့ မယုံကြည်ဘူး။ ပြည်သူ့ဆီက မီတာခပဲရရ၊ ပြည်သူ့ဆီက ထုတ်ချေးထားတဲ့ပိုက်ဆံပဲပြန်ရရ သူတို့က ဒီပိုက်ဆံတွေကို သူတို့အာဏာတည်မြဲရေးအတွက် လိုအပ်တဲ့နေရာတွေပဲ သေချာပေါက်သုံးမှာဖြစ်တယ်။ မီတာခရလို့ လျှပ်စစ်မီးမပျက်အောင် ပြန်ပြီးတော့ ရင်းနှီးမြှုပ်နှံမှာမဟုတ်ဘူး၊ သူတို့အာဏာတည်မြဲရေးအတွက် လက်နက်လိုရင် လက်နက်ဝယ်မှာဖြစ်တယ်”
ဦးတင်ထွန်းနိုင်
ပြည်ထောင်စုဝန်ကြီး
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန
#SpringRevolution
#PVTV

Like – 8.8K Share – 1429

Public Voice Television Facebook

Add your reaction

  1. ✊✊ကဲ..တရားရေးပါလာပါပြီ 👏👏👏

    တောင်းဆိုမူ သုံးခုအတွက် လူတိုင်း ကော်ပီကူးပြီး Public နဲ့ ပို့စ်တင်ကြပါ။

    👍👍👍

    ၁။ နိုင်ငံတော် သမ္မတကြီးနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ဖမ်းဆီးထိမ်းသိမ်းထားသူများ အမြန်ဆုံးလွတ်ပေးရန်၊

    ၂။ နှစ်ထောင့်နှစ်ဆယ်ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၏ အတည်ပြုပြီးသော ရလာဒ်ကို အသိအမှတ်ပြုရန်၊

    ၃။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တတိယအကြိမ် လွတ်တော်ခေါ်ယူဆောင်ရွက်ခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူတို့၏ နှလုံးစိတ်ဝမ်းအေးချမ်းရေးတို့ အပါအဝင် ဒီမိုကရေစီ ယဉ်ကျေးမူ ထွန်းကားရေးတို့ အတွက် အလေးအနက် တောင်းဆိုလိုက်သည်။

    စတင်နေကြပါပြီ။အောက်ပါစာသားနဲ့ တွဲတင်ပေးပါရှင့်။

    ရှေ့နေများဖဲကြိုးနီလှုပ်ရှားမှု
    #weagainstmilitarycoup
    #WeWantDemocracy
    #WeWantJustice

    credit
    #crd
    .

  2. အကော်ဒီယံ အုန်းကျော် ဆိုတဲ့ သီချင်း မှတ်မိသေးတယ်..
    ပိတ်ဆို့မူ့တွေ ဂရုမစိုက်ပါ သယံဇာတ ပေါတဲ့ တို့မြေ..
    အခုတော့ ယီးပဲ ကျန်တော့တယ်

  3. လုံခြုံရေးအရ နောက်ခံ Back Ground တွေ ဖျောက်ထားရင်ကောင်းမယ်လို့ အကြံပေးပါရစေရှင်….

  4. အခု လက်ရှိ စစ်တပ် လုက်နေတဲ့ လုပ်ငန်းတွေ အား လုံး က သူ့တ်ု့ဖော်ဆောင်ထားခဲ့တဲ့အရာတွေ မဟုတ်ပါဖူး .
    ကျန် ခဲ့ တဲ့ ၅/၆ နစ်က NLD ရဲ ကြိုးစားအာထုတ်မှု့ နိင်ငံတစ်ကာက ဝင်ရောက်လာတဲ့ investment နဲ့ လုပ်ငန်းတွေပါ.
    အမေစု ဖြေလျှောခိုင်းလိုက်လို့ USA ရဲ့ဖြေလျှော့ခဲ့တာလေ.
    ဒါတွေကို အခုစစ်တပ်က ရှင်းရှင်းပြော ရ ရင် “ ချက် ပြုတ် ပီး ခူး ခပ်ပီး သားကို လကိဆေးအဆင်သင့်တက်စား “ နေတာပါပဲ. သူတ်ု့ အရည်အချင်းဘာမှ မပါပါဖူး. .
    လာသမျှ investment တွေကို NLD အပေါ်ယံ ထားပီး လက်မှတ်ထိုးပီး ရပိုင်ခွင့် 80% ယူထားခဲ့ကြတာပါ.
    စအဖ တွေပေးထားတဲ့ စစ်မှန်မှု့မရှိတဲ့ ဒီမိုကရေစီ အတုပါ.
    ဒါကြောင့် လည်း USA, UAE တို့လို နိင်ငံတွေက စီးပွါးရေး မဝင်တာပါ.

  5. အရေးတော်ပုံကြီးအဆုံးသတ်အောင်မြင်နိုင်စေဘို့ အချောင်ရယူလိုစိတ်ရှိနေတဲ့စိတ်ဓါတ်ပိုင်ရှင်မွေးမြူလိုသူတွေနဲ့စခန်းသွားနေသူတွေရှိနေတယ်အစားထိုးလဲလှယ်သုံးစွဲနိုင်မဲ့ပစ္စည်းစားသောက်ကုန်တွေနဲ့တိုက်သင့်တယ်

  6. မီတာခအပြင် ဝန်ထမ်းတွေမှ မြေခွန် ရေခွန်တွေပါလာကောက်ပါတယ်… နောင်တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် ကျမှပေးပါမယ်.. NUG CRPH တို့ကိုအပြည့်အဝထောက်ခံလျက်

  7. တောင်ကြီးမှာတော့မီတာဆောင်သူတွေရှိတယ်ဒါလေးတောင်မပူးပေါင်းတဲ့သာမာန်အတွေးနဲ့လူတွေလည်းရှိတယ်

  8. ပြည်သူအားလုံး
    ခံစားရပေမဲ့
    တော်လှန်ရေးမှာ
    အားလုံးပါဝင် တိုက်ထုတ်မယ်

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.