ဒီနေ့ည နှစ်သစ်ကူးအချိန်မှာ “အရေးတော်ပုံအောင်ရမည်” လို့ ပြိုင်တူကြွေးကြော်ကြမယ်

ဒီနေ့ည နှစ်သစ်ကူးအချိန်မှာ “အရေးတော်ပုံအောင်ရမည်” လို့ ပြိုင်တူကြွေးကြော်ကြမယ်
ဒီဇင်ဘာ ၃၁၊ ၂၀၂၁

ဒီနေ့ညမှာ ကျရောက်မယ့် နှစ်သစ်ကူးအချိန်မှာ “အရေးတော်ပုံအောင်ရမည်” ဆိုတဲ့ ကြွေးကြော်သံတွေဟစ်ကြွေး ကြဖို့အတွက် လှုံဆော်တဲ့ကန်ပိန်းတွေပြုလုပ်နေပါတယ်။

ရန်ကုန်လူထုသပိတ်ကနေဦးဆောင်ပြီးတော့ ပြုလုပ်နေတာဖြစ်ပြီး နှစ်သစ်ကူး New Year ညမှာ “အရေးတော်ပုံ အောင်ရမည်” လို့ ၃ ကြိမ် ၃ ခါ အကျယ်လောင်ဆုံး သံပြိုင်ကြွေးကြော်ဖို့အတွက် နှိုးဆော်တိုက်တွန်းထားပါတယ်။

“တောထဲမှာ PDF လေးတွေက အပင်ပန်းခံ အနေဆင်းရဲ အစားဆင်းရဲနဲ့ မအလ စစ်တပ်ကို တိုက်နေကြတယ်။ ကျနော်တို့လို မြို့ပေါ်မှာနေတဲ့လူတွေက ဒီလောက်တော့ လုပ်ပေးရမယ်။ ဒါမှ ပြည်သူတွေ တသားတည်းရှိတယ် ဆိုတာ ပြပြီး မအလ ကြင်စိုးဆိုတဲ့ကောင်ကို ကြောက်ရွံ့စေရမယ်” လို့ ရန်ကုန်မြို့ခံ တစ်ဦးက မှတ်ချက်ပေးပါတယ်။

ရန်ကုန်လူထုသပိတ်ကတော့ အခုလို ပြည်သူတွေတညီတညာတည်းနဲ့ သံပြိုင်ဟစ်ကြွေးတာဟာ အကြမ်းဖက်စစ် တပ်ကို ဆန်ကျင်ကြောင်း ပြသတာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

မနေ့ကလည်း ရန်ကုန်မြို့ နေရာအနှံအပြားမှာ နှစ်သစ်ကူးအချိန်အတွင်း “အရေးတော်ပုံအောင်ရမည်” ကြွေးကြော်ကြရေးအတွက် ကန်ပိန်းပြုလုပ်ဖို့အတွက် စတစ်ကာ(Sticker) ကန်ပိန်းပြုလုပ်ခဲ့ပါတယ်။
#SpringRevolution
#PVTV
#PVTVNews

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.