ဒီနေ့က စပြီး နောက် အသုံးရမယ့် ရက်စွဲ မကြေငြာခင်အထိ မင်းကင်းမြို့နဲ့ ကလေးဝမြို့ကို အသုံးမပြုဖို့
မင်းကင်းမြစ်ရိုးအထက် ပကဖ က ထုတ်ပြန်
ဖေဖော်ဝါရီ ၁၄၊ ၂၀၂၂
ချင်းတွင်းမြစ်အတွင်း ရေလမ်းကိုအသုံးပြုပြီး အစုန်- အဆန်
ပြုလုပ်နေတဲ့ ခရီးသွားရေယာဉ်လုပ်ငန်းတွေကို ဒီနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ည ၇ နာရီကနေ မနက် ၆ နာရီ အတွင်း မင်းကင်းမြို့နဲ့ ကလေးဝမြို့အကြား (လုံးဝ) လုံးဝ ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ကြဖို့ အနုအညွှတ် မေတ္တာရပ်ခံအပ်တယ်လို့ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-မြစ်ရိုးအထက်ဒေသ-ပကဖ က ထုတ်ပြန်ပါတယ်။အဲဒီမြစ်ကြောင်း တလျှောက် ပြန်လည်အသုံးပြုရမယ့် ရက်စွဲကို ထပ်မံကြေညာပေးသွားပါမယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။