ဒီတစ်ပတ် “ရင်ဖွင့် နားစွင့် ပန်းတိုင်ဆီရွက်လွှင့်” အစီအစဉ်မှာတော့ ဒေါင်းက လူငယ်တစ်ယောက်ရဲ့ ရင်ဖွင့်သံကို ခံစားဖတ်ရှုပြထားပြီး CDM ကိစ္စ၊ COVID 19 ကိစ္စနဲ့ Online က စာသင်ကြားနေမှုကိစ္စတွေနဲ့ ပတ်သက်လို့ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ ဆွေးနွေးမေးမြန်းထားပါတယ်။
နွေဦးတော်လှန်ရေးကာလ ပြည်သူလူထုရဲ့ နာကျင်ခံစားရသမျှတွေကို ရင်ဖွင့်နိုင်သလို ဝေဝေဝါးဝါးဖြစ်နေတဲ့ ဒွိဟစိတ်တွေကို တတ်နိုင်သမျှမေးမြန်းရှင်းပြပေးမှာကြောင့် နားစွင့်ထားကြသင့်ပြီး အားလုံးအတူတကွ တူညီသော ပန်းတိုင်တစ်ခုဆီ ရွက်လွှက်ကြဖို့ ရည်ရွယ်တဲ့ “ရင်ဖွင့် နားစွင့် ပန်းတိုင်ဆီရွက်လွှင့်” ဆိုတဲ့ အစီအစဉ်ကို ရုပ်ရှင်သရုပ်ဆောင် ဒေါင်းက စီစဉ်တင်ဆက်ပေးထားပါတယ်။ ယခုအစီအစဉ်ကို PVTV က အပတ်စဉ် စနေနေညတိုင်း တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
PVTV လူမှုကွန်ယက်စာမျက်နှာ https://facebook.com/pvtvmyanmar ရဲ့ Message Box မှာ ရင်ဖွင့်နိုင်သလို သိရှိလိုသည်များကိုလည်း မေးမြန်းနိုင်ပါတယ်။ ပြည်သူလူထုရဲ့ ခံစားမှုစာလွှာတွေထဲက အချို့ကို ဒေါင်းက ခံစားဖတ်ရှုပေးသွားမှာဖြစ်ပြီး မေးခွန်းတွေကိုလဲ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ချိတ်ဆက်ပြီး တတ်နိုင်သမျှ ရှင်းလင်းဖြေကြားပေးသွားမှာဖြစ်လို့ မပြတ်နားစွင့်ထားကြဖို့ ဖိတ်ခေါ်ပါတယ်။
ရင်ဖွင့် … နားစွင့်ရင်း ပန်းတိုင်ဆီ အတူတူ ရွက်လွှင့်ကြပါစို့။
အရေးတော်ပုံ အောင်ရမည်။
PVTV ၏ Youtube Channel ဖြစ်သော www.youtube.com/c/pvtvmyanmar ကိုလဲ Subscribe လုပ်ထားကြဖို့ မေတ္တာရပ်ခံပါတယ်။
Like – 43K Share – 8315