ဒီဇင်ဘာလထီဖွင့်ပွဲ က နွေဦးထီ ကျပ်သိန်း ၁၀၀ကို ကံထူးရှင် က ပြန်လည် လှူဒါန်း

ဒီဇင်ဘာလထီဖွင့်ပွဲ က နွေဦးထီ ကျပ်သိန်း ၁၀၀ကို ကံထူးရှင် က ပြန်လည် လှူဒါန်း

ဇန်နဝါရီ ၉၊ ၂၀၂၂

နွေဦးထီရဲ့ ဒီဇင်ဘာလထီဖွင့်ပွဲဲမှာ ကံထူးသွားတဲ့ ကျပ် သိန်း ၁၀၀ ကံထူးရှင်က ထီဆုငွေကို ပြန်လည်လှူဒါန်းခဲ့တယ်လို့ အောင်လံလွှင့်ချီနွေဦးထီ ဖေ့ဘွတ်ပေ့ချ် မှာ ဖော်ပြထားပါတယ်။

ပြည်သူလူထုရဲ့ ဝန်းရံအားပေးမှုနဲ့ နွေဦးထီကို အောင်လံလွှင့်ချီပြီး CDM ဝန်ထမ်းတွေကို ချီးမြှင့်နေတယ်လို့ သိရပါတယ်။

နွေဦးထီရဲ့ ဒီဇင်ဘာလ ထီဖွင့်ပွဲမှာ အထူးဆု ကံထူးခဲ့တဲ့ ထီလက်မှတ် အမှတ် 0210290089 က ဆုမဲငွေ သိန်း ၁၀၀ ကျပ်အားလုံးကို စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ပြန်လည်လှူဒါန်းပေးမှုကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်မှ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့တယ်လို့ ပြောပါတယ်။

Pilot project ဒီဇင်ဘာလ ၂၅ ရက်ထိ၊ ထီဖွင့်ရက် ၆၇ ရက်အတွင်းမှာ နွေဦးထီက CDM ဝန်ထမ်းပေါင်း ၆၃၀၀ ကို ထောက်ပံ့ပြီး ဖြစ်ပေမယ့်
နွေဦးထီက ချိတ်ဆက်ထားနိုင်တဲ့ ပမာဏ နဲ့ နှိုင်းယှဉ်ရင် ၃.၉ ရာခိုင်နှုန်းသာ ရှိနေသေးတယ်လို့ ဆိုပါတယ်။

အခုဖော်ပြထားတဲ့ ဖေ့ဘွတ်ပေ့ချ်မှာ ဝင်ရောက်ပြီး

https://www.facebook.com/108787768132173/posts/210791067931842/?d=

နွေဦးထီ ထိုးနိုင်တယ်လို့ သိရပါတယ်။

#SpringRevolution
#PVTV
#PVTVNews

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.