ဒီကနေ့ ညနေ ၄ နာရီ ၁၅ ဝန်းကျင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးချုပ်ရှေ့ မှာ အန်အယ်ဒီ ဗဟိုကော်မတီဝင် ဦးဘမျိုးသိန်း၊ ဦးစိုးဝင်း(ခေါ်)ဦးစိုးလေးနဲ့ ရခိုင်ပြည်နယ်လူငယ်လုပ်ငန်းအဖွဲ့ဝင် ကိုဟိန်းမင်းထက်တို့ကို လက်နက်ကိုင်ထားတဲ့ အရပ်ဝတ်များက သေနတ်ထောက်ခြိမ်းခြောက်ပြီး မတ်တူးကားနှစ်စီးပေါ်ကို အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ ၎င်းတို့ ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ မှတ်တမ်းဗီဒီယိုကို PVTV က ရရှိခဲ့ပါတယ်။
Like – 9.8K Share – 3953