ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK-Digital Myanmar Kyat) နဲ့ NUG-Pay မိုဘိုင်းပိုက်ဆံအိတ်ကို ထုတ်ဝေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာချက်ထုတ်ပြန်

ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK-Digital Myanmar Kyat) နဲ့ NUG-Pay မိုဘိုင်းပိုက်ဆံအိတ်ကို ထုတ်ဝေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာချက်ထုတ်ပြန်
ဇွန် ၂၆ ၊ ၂၀၂၂

ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK-Digital Myanmar Kyat) နဲ့ NUG-Pay မိုဘိုင်းပိုက်ဆံအိတ်ကို ထုတ်ဝေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ဒီနေ့ရက်စွဲနဲ့ ကြေညာချက်ထုတ် ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ငွေကြေးစီးဆင်းမှုစနစ်တွေအပေါ် မှီခိုနေရမှု ကို အဆုံးသတ်ရန်၊ စစ်အာဏာရှင်စနစ်အမြစ်ဖြတ် ချေမှုန်းနိုင်ရေးအတွက် သီးခြား လွတ်လပ်ပြီး လုံခြုံစိတ်ချရတဲ့ ငွေကြေးလည်ပတ်မှုယန္တရားတစ်ခုကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်ပြီး မြန်မာကျပ်ငွေနှင့်တူညီစွာ တန်ဖိုးရှိသော ဒစ်ဂျစ်တယ်မြန်မာကျပ်(DMMK-Digital Myanmar Kyat) ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ တရားဝင်ဒစ်ဂျစ် တယ်ငွေကြေးအဖြစ် သတ်မှတ်ထုတ်ဝေလိုက်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီ ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK-Digital Myanmar Kyat)နဲ့ တွဲဖက်အသုံးပြုရမယ့် NUG-Pay မိုဘိုင်းပိုက်ဆံအိတ်ကိုလည်း တစ်ပါတည်း ထုတ်ဝေလိုက်တယ်လို့ ဖော်ပြထားပါတယ်။

ဒီလို ထုတ်ဝေလိုက်တာဟာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်၊ အစိတ်အပိုင်း(၂)၊ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံ အခန်း(၄)၊ ပုဒ်မ (၂၅)၊ ပုဒ်မခွဲ(ခ) အရ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်ဖြင့် ဒီအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်တာဖြစ်တယ်လို့လည်း ဖော်ပြထားတာ တွေ့ရပါတယ်။

#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.