ထောက်ပို့တာဝန်ထမ်းဆောင်ဖို့ ထောက်ပို့တပ်ဖွဲ့ကို ကာကွယ်ရေးဝန်ကြီးဌာနက ဖွဲ့စည်း၊ ဝင်ရောက်လိုသူများ ဆက်သွယ်စာရင်းပေးနိုင်
မတ် ၁၅ ၊ ၂၀၂၂
ရှေ့တန်းစစ်မျက်နှာပြင်မှာ ရဲဝင့်စွာ တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေး ရဲဘော်တွေကို ထောက်ပို့လုပ်ဆောင်ပေး နိုင်ဖို့အတွက် ထောက်ပို့တပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပြီးတော့ ဝင်ရောက်လိုသူတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုး ရ ကာကွယ်ရေးဝန်ကြီးဌာနကို ဆက်သွယ်နိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ထောက်ပို့တပ်သား လုပ်ဆောင်လိုသူတွေအနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်ပေ့ချ်ထဲကို ဝင်ရောက်လေ့လာကြည့်ရှုနိုင်သလို m.me/prf4pdf ကိုဝင်ရောက်ပြီးတော့လည်း ချိတ်ဆက်နိုင်တယ်လို့ ဖော်ပြ ထားပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာတော့ အခုဆိုရင် တိုင်းနဲ့ပြည်နယ်နေရာအနှံ့မှာ ပြည်သူ့ ကာကွယ်ရေးတပ်သားများ၊ တပ်ရင်းတပ်ဖွဲ့များရှိနေပြီ ဖြစ်တယ်ဆိုတာနဲ့ စစ်အာဏာရှင်စနစ် အမြန်ဆုံး အမြစ်ဖြတ်နိုင်ရေးအတွက် ရှေ့တန်းစစ်မျက်နှာပြင်မှာ ရဲဝင့်စွာတိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ် သားတွေအတွက် ပြည်သူတစ်ရပ်လုံးကလည်း နောက်တန်းကနေ ထောက်ပို့တာဝန်ကို အပြည့်အဝတာ ဝန်ယူကြမယ်လို့ ယုံကြည်တယ်လို့ ဖော်ပြထားပါတယ်။
ဒါအပြင် စစ်အာဏာရှင်စနစ်ကို လက်သင့်မခံသူတိုင်း ထောက်ပို့တာဝန်ထမ်းဆောင်နိုင်ဖို့ ကာကွယ် ရေးဝန်ကြီးဌာနက ထောက်ပို့တပ်ကို ဖွဲ့စည်းလိုက်ရတယ်ဆိုတာနဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားတွေအတွက် လစဉ်လတိုင်း စားနပ်ရိက္ခာဖူလုံနိုင်ရေး ရည်ရွယ်ပြီး မြေပြင်တိုက်ရိုက်ကူညီပေးနိုင်ဖို့ ဝန်ကြီးဌာနက လုပ် ဆောင်သွားမှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
လစဉ်မပြတ်တာဝန်ယူကြမယ့် ထောက်ပို့တပ်သားများကို ပြည်သူ့ကာကွယ် ရေးတပ်မတော်(PDF) ရဲ့ ဖွဲ့စည်းပုံအတိုင်း စိတ်၊ စု၊ ခွဲ၊ ရင်းနဲ့ ထောက်ပို့တပ်ကိုဖွဲ့စည်းမှာဖြစ်ပြီး ကိုယ်ပိုင်နံပါတ်တစ်ခုနဲ့ ထောက်ပို့တပ်ဖွဲ့ဝင် ကတ်ကိုလည်း ကာကွယ်ရေးဝန်ကြီးဌာနကနေ ထုတ်ပေးမှာဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်သားတယောက် လစဉ်စားနပ်ရိက္ခာဖူလုံနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ(၂၀) လိုအပ်မှာ ဖြစ်ပြီး မိမိတို့တတ်နိုင်တဲ့ တပ်သားအရေအတွက်ကို တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းနဲ့ဖြစ်စေ ထောက်ပို့မှုများ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
တစ်နိုင်ငံလုံး ပီဒီအက်ဖ် ၊ တစ်ကမ္ဘာလုံးထောက်ပို့တပ်သားတွေ ဖြစ်လာပြီး စစ်အာဏာရှင်စနစ်အမြန်ဆုံး အမြစ်ဖြတ်နိုင်ဖို့ အတူတူကြိုးစားဖို့အတွက်လည်း ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားတာတွေ့ရ ပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။