ထားဝယ်မှာ KNU အရာရှိဟောင်း ဦးဆောင်တဲ့ အဖွဲ့က စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ ၄ဦးထက်မနည်းသေပြီး လက်နက်ခဲယမ်းအများအပြားရရှိ
မတ် ၁၄ ၊ ၂၀၂၂
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှာ ကရင်အမျိုးသားအစည်းအရုံး(KNU) အရာရှိတစ်ဦး ဦးဆောင်တဲ့ အဖွဲ့က အကြမ်းဖက်စစ်ကောင်စီတပ်ကို ယမန်နေ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိပြီး လက်နက်ခဲယမ်းတွေ အများအပြား ရရှိခဲ့တယ်လို့ KNU တပ်မဟာ(၄) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ထားဝယ်မြို့နယ် ဝါးတောရွာနဲ့ထိုင်းနယ်စပ်ကြားတစ်နေရာမှာ မတ်လ ၁၃ရက်က အကြမ်းဖစ်စစ်ကောင်စီတပ်ကို ကော်လာဖိုးအဖွဲ့ က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
“မနေ့ကတော့ ကြားတယ်။ ဝါးတော့ နဲ့ နယ်စပ်ကြားမျာ တိုက်ပွဲဖြစ်တယ်လို့ကြားတယ်။ တိုက်ပွဲဖြစ် တာက ကျွန်တော်တို့ KNUနဲ့မဟုတ်ဘူး။အဲဒီမှာ အဖွဲ့တစ်ဖွဲ့ရှိတယ် ကော်လာဖိုးအဖွဲ့နဲ့ ဖြစ်တာ။ ကော်လာဖိုးဆိုတာ သူ့နာမည် အယ်ခွီးလေ။ အရင်တုန်းကတော့ KNUက တပ်ဗိုလ်ဟောင်းပဲ။ သူက နားပြီးတော့ အခု ပြန်ပြီးတော့ လှုပ်ရှားတဲ့ သဘောပါ။ ကျွန်တော်တို့ ခရိုင်၊ တပ်မဟာ လက်အောက်ခံတော့ မဟုတ်ဘူးပေါ့။ သူတို့က သီးသန့်လှုပ်ရှားတဲ့အဖွဲ့လို့ ပြောရမှာပေါ့” လို့ KNU တပ်မဟာ(၄) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
KNU တပ်မဟာဒေသတွေမှာ ဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေတွေကို ဖော်ပြလေ့ရှိတဲ့ Kaw Thoo Lei Independent Facebook စာမျက်နှာမှာ KNU တပ်မဟာ(၄) နယ်မြေရဲ့ တိုက်ပွဲသတင်းကို ဒီနေ့မှာ ဖော်ပြခဲ့တာဖြစ်ပြီးတော့ ဓာတ်ပုံတွေထဲမှာ လက်နက်ကြီး လက်နက်ငယ် မျိုးစုံအပြင် အရာရှိ အဆင့် ကိုင်တွယ်တဲ့ အသုံးအဆောင်တွေနဲ့ ငွေကြေးတွေကိုလည်း သိမ်းဆည်းရမိထားတာကိုတွေ့ရပါတယ်။
KNU အရာရှိဟောင်းဖြစ်သူ ဗိုလ်အယ်ခွီး(ကော်လာဖိုး)က တပ်မှ အနားယူသွားတာ ၁၀နှစ်ကျော်ကြာပြီဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ၎င်းရဲ့ တပ်ကို ပြန်လည်စုဖွဲ့ကာ စစ်ကောင်စီကို ခုခံတိုက်ခိုက်နေတာလို့ ဆိုပါတယ်။
KNU တပ်မဟာ(၄)နယ်မြေ ထားဝယ်ခရိုင်မှာ လတ်တလော တိုက်ပွဲတွေ ကြိုကြားကြိုကြား ဖြစ်ပွားနေပြီး KNU နဲ့ ထိပ်တိုက် တွေ့ဆုံ တိုက်ပွဲဖြစ်ခြင် းမဟုတ်ဘဲ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့၊ ကော်လာဖိုး အဖွဲ့တို့နဲ့ အကြမ်းဖက်စစ်ကောင်စီ အကြား တိုက်ပွဲဖြစ်နေတာလို့လည်း သိရပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။