ထန်တလန်ရဲစခန်းကို ချင်းပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းပိုက်
ဖေဖော်ဝါရီ ၉၊ ၂၀၂၃
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် ရဲစခန်းကို ဖေဖော်ဝါရီ ၈ ရက် ညပိုင်းက ချင်းပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
မနေ့က ဖေဖော်ဝါရီ ၈ ရက်နေ့ ည ၁၀ နာရီလောက်မှာ ထန်တလန် ရဲစခန်းကို CNA ၊ CDF ပူးပေါင်းတပ်တွေက စတင်တိုက်ခိုက်ခဲ့ပြီး ည ၁ နာရီမှာ စခန်းကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
သိမ်းပိုက်နိုင်ခဲ့တဲ့ ရဲစခန်းကနေ လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရရှိခဲ့တယ်လို့လည်းသျရပါတယ်။
လက်ရှိမှာတော့ အကြမ်းဖက်စစ်ကောင်စီက ဒီနေ့မနက် ၈ နာရီလောက်ကစပြီး ထန်တလန်မြို့ကို လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စခန်းသိမ်းတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီဘက်က အကျအဆုံးများနိုင်ပြီး ချင်းပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကတော့ CNA ရဲဘော် ဆလိုင်းအသန်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar
တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။