ထန်တလန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ မီးရှို့လို့ အိမ်ခြေ ၁၀၀ ကျော် ထပ်မံမီးလောင်ပြာကျ

ထန်တလန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ မီးရှို့လို့ အိမ်ခြေ ၁၀၀ ကျော် ထပ်မံမီးလောင်ပြာကျ

မတ် ၁၊ ၂၀၂၂

ချင်းပြည်နယ် ထန်တလန်မြို့မှာရှိတဲ့ ပြည်သူလူထုတွေရဲ့ နေအိမ်တွေကို အကြမ်းဖက်စစ် ကောင်စီတပ်သားတွေက ထပ်မံမီးရှို့ခဲ့လို့ အိမ်ခြေ ၁၀၁ လုံး ထပ်ပြီးတော့ မီးလောင်ပြာကျခဲ့တယ်လို့ Thantlang Placement Affairs Committee – IDPs help က ဒီကနေ့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်သားတွေဟာ ဖေဖော်ဝါရီ ၂၅ရက်ကနေ ၂၇ရက် နေ့အတွင်း ထန်တလန်မြို့က အိမ်ခြေအများအပြားကို မီးရှို့ခဲ့တာဖြစ်ပါတယ်။

အခုတကြိမ် မီးရှို့တာ အပါအဝင် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ ထန်တလန်မြို့ကို မီးရှို့တာ ၂၆ ကြိမ်ရှိပြီလို့လည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ ၂၀၂၁ စက်တင်ဘာလဆန်းပိုင်းက စပြီး ထန်တလန်မြို့က ပြည်သူလူထုနေအိမ်တွေကို မီးရှို့ခဲ့တာမှာ အဲဒီနှစ် ဒီဇင်ဘာ လကုန်အထိ အိမ်ခြေ ၆၉၀ မီးလောင်ပြာကျခဲ့ပါတယ်။ အဲဒီအထဲမှာခရစ်ယာန် ဘုရားကျောင်းတွေအပါအဝင် ဘာသာရေးအဆောက်အအုံ ၃၀ ကျော် လည်း ပါဝင်ပါတယ်။

အကြမ်းဖက်စစ်သားတွေဟာ ဒီနှစ်ထဲမှာလည်း ထန်တလန်မြို့ကို ဆက်ပြီးမီးရှို့ခဲ့လို့ ဇန်နဝါရီလအတွင်းမှာ ၂၄၅အိမ်၊ ဖေဖော်ဝါရီလမှာ ၁၂၃ အိမ် မီးလောင်ပြာကျခဲ့ပါတယ်။ ဒါ့ကြောင့် ထန်တလန်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရဲ့အကြိမ်ကြိမ်မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူလူထုနေအိမ်တွေနဲ့ ဘာသာရေးအဆောက်အဦးစုစုပေါင်း ၁၀၀၀ ကျော် မီးလောင်ခဲ့ရပါတယ်။

#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။





Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.