ထန်တလန်မြို့ ပြန်လည်ထူထောင်ရေးနဲ့ ပတ်သက်ပြီး ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီက ပြည်သူတွေ ကို အသိပေးထုတ်ပြန်

ထန်တလန်မြို့ ပြန်လည်ထူထောင်ရေးနဲ့ ပတ်သက်ပြီး ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီက ပြည်သူတွေ ကို အသိပေးထုတ်ပြန်
ဇူလိုင် ၄ ၊ ၂၀၂၂

ထန်တလန်မြို့ ပြန်လည်ထူထောင်ရေးနဲ့ ပတ်သက်ပြီး ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ(ICNCC) က ပြည်သူတွေကို အသိပေးထုတ်ပြန်ချက်ကို ဇူလိုင် ၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်မှာ အကြမ်းဖက်စစ်ကောင်စီခန့် ချင်းပြည်နယ်အစိုးရအဖွဲ့ဆိုသူတွေဦးဆောင်ပြီး ထန်တလန်မြို့နယ် ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ဇွန်လ (၃၀) ရက် ဟားခါးမြို့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဆိုရှယ်မီဒီယာတွေမှာ ရေးသားဖော်ပြချက်အရ သိရှိရတယ်လို့ ဖော်ပြထားပါ တယ်။

ထန်တလန်မြို့ပျက်စီးဆုံးရှုံးမှုဖြစ်ခဲ့ရတာဟာ သဘာဝဘေးကြောင့် မဟုတ်ဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရက်စက်စွာ မီးရှို့ဖျက်ဆီးတာ၊ လက်နက်ကြီးနဲ့ မီးလောင်ဗုံးတွေနဲ့ ပစ်ခတ်တာတွေကြောင့်ဖြစ်ပြီး ဇွန်လ (၂၃) ရက်နေ့အထိ ထန်တလန်မြို့ပေါ်ရှိ ခရစ်ယာန်ဘုရားကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ အပါအဝင် ပြည်သူပိုင် အဆောက် အဦတွေ၊ ပုဂ္ဂလိကနေအိမ်တွေ (၁၃၀၀) ကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ထန်တလန်မြို့ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးဆောင်ရွက်ရာမှာ အသွင်ကူးပြောင်း ရေးဆိုင်ရာ တရားမျှတမှု (transitional justice) ဆိုင်ရာလုပ်ငန်းစဉ် မဖြစ်မနေပါဝင်ရမှာဖြစ်ပြီး အဲဒီအသွင်ကူးပြောင်း ရေးဆိုင်ရာ တရားမျှတမှုဖော်ဆောင်ရေးဆိုင်ရာလုပ်ငန်းစဉ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်သူတွေကို သာလွန်အင်အားနဲ့ တိုက်ခိုက်နေချိန်အတွင်း ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

လက်ရှိအချိန်က ထန်တလန်မြို့ပေါ်မှာကျူးကျော်ခြေကုပ်ယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့ကြား အချိန်မရွေးတိုက်ခိုက်မှုဖြစ်ပွားနိုင်တဲ့အခြေအနေဖြစ်တယ်လို့ ဖော်ပြထားသလို ပြည်သူ တွေ အနေနဲ့ ထန်တလန်မြို့ပေါ်သို့ပြန်လည်ဝင်ရောက်တာ၊ အခြေချရန်လုပ်ဆောင်တာတွေအတွက် ကျိုးကြောင်း ဆီလျော်တဲ့ လုံခြုံမှု မရှိနိုင်သေးဘူးဆိုတာကို သတိရှိကြဖို့အတွက်လည်း သတိပေးထားတာ တွေ့ရပါတယ်။

ဒါအပြင် ထန်တလန်မြို့နယ်ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်တ ည်ဆောက်ရေးလုပ်ငန်းစဉ် သက် ဆိုင်ရာဒေသခံပြည် သူ့အုပ်ချုပ်ရေးအဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပါအဝင် ပြည်တွင်း၊ ပြည်ပရှိ ထန်တလန်မြို့နယ်သူ၊ မြို့နယ်သားများအားလုံးပါဝင်လျှက် ဆောင်ရွက်ကြရမယ့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်အာဏာရှင်စနစ်ဖြုတ်ချရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ နိုင်ငံရေးတန်းတူမှုနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ပြည့်ဝတဲ့ ချင်းပြည်နယ်အဖြစ် ထူထောင်ရန်တိုက်ပွဲဝင်ကြိုးပမ်းနေချိန်မှာ ထန်တလန်မြို့နယ် ပြန်လည်ထူ ထောင်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ အကြမ်းဖက်စစ်ကောင်စီ ပြုလုပ်လာတဲ့လှည့်ကွက်ကို အထူးသတိပြုကြဖို့အတွက်လည်း ထုတ်ပြန်ချက်မှာဖော်ပြထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.