တွန်းဇံက အကြမ်းဖက် စစ်ကောင်စီစွန့်ခွာသွားတဲ့ တပ်စခန်းတစ်ခုကို ချင်းတပ်ဖွဲ့ မီးရှို့
မတ် ၁၈ ၊ ၂၀၂၃
ချင်းပြည်နယ် တွန်းဇံမြို့နယ် ဒါရ်ခိုင်းရွာက အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားတပ်မတော်(CNA)က မီးရှို့ဖျက်ဆီးလိုက်ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။
ဒါရ်ခိုင်း တပ်စခန်းကို CNA တပ်ဖွဲ့က မတ်လ ၁၇ရက်မှာ ဝင်ရောက်မီးရှို့ခဲ့ကြောင်း The Rihli Voice ရဲ့ ဖော်ပြချက်ကို ဆလိုင်းထက်နီက အတည်ပြုခဲ့တာဖြစ်ပါတယ်။
အဲဒီတပ်စခန်းဟာ ၂၀၂၂ နိုဝင်ဘာ ၁ရက်မှာ ရုတ်သိမ်းသွားခြင်းဖြစ်ကြောင်း ဆလိုင်းထက်နီက လူထုနွေဦးသတင်းဌာသို့ ပြောပါတယ်။
တပ်စခန်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း The Rihli Voiceက ဖော်ပြပါတယ်။ ဒါရ်ခိုင်းရွာသည် မြန်မာ- အိန္ဒိယနယ်စပ်၌ တည်ရှိတဲ့ ရွာဖြစ်ပါတယ်။
ချင်းပြည်နယ် မှာ အရင်ကလည်း အင်အားနည်းတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းအချို့ အခုလို စခန်းကို စွန့်ခွာသွားတဲ့ ဖြစ်စဉ်အချို့ရှိခဲ့ပါတယ်။
ချင်းပြည်နယ်တွင် CNA နဲ့ ဒေသအသီးသီးရှိ ချင်းဒေသကာကွယ်ရေးတပ်(CDF) တပ်တွေဟာ စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်တွေအထိနာလျက်ရှိပါတယ်။ ထန်တလန်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခြင်း အပါအဝင် စစ်ကောင်စီ တပ်စစ်ကြောင်းတွေ၊ ယာဉ်တန်းတွေနဲ့ တပ်စွဲရာနေရာတွေကို တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သေဆုံးထိခိုက်များပြားခဲ့ပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel –
https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။