တော်လှန်ရေးအဖွဲ့အစည်းတွေအားလုံး Chain of Command တစ်ခုတည်းရဲ့ အောက်မှာရှိနေဖို့ ကာကွယ်ရေးဝန်ကြီးဌာနပြော၊ DRPA အဖွဲ့ကလည်း NUG အပေါ် ပြည်သူအထင်အမြင်လွဲစေမယ့် အရေးအသားအပေါ် ပြန်တောင်းပန်ခဲ့

တော်လှန်ရေးအဖွဲ့အစည်းတွေအားလုံး Chain of Command တစ်ခုတည်းရဲ့ အောက်မှာရှိနေဖို့ ကာကွယ်ရေးဝန်ကြီးဌာနပြော၊ DRPA အဖွဲ့ကလည်း NUG အပေါ် ပြည်သူအထင်အမြင်လွဲစေမယ့် အရေးအသားအပေါ် ပြန်တောင်းပန်ခဲ့
ဇန်နဝါရီ ၂၀ ၊ ၂၀၂၂

တော်လှန်ရေးအဖွဲ့အစည်းတွေအားလုံးအနေနဲ့ Chain of Command တစ်ခုတည်းရဲ့ အောက်မှာရှိနေမှသာ တိုက်ပွဲဝင်ဖို့ ဆောင်ရွက်နေတဲ့ အဖြေတစ်ခုကိုတွေ့မှာဖြစ်တဲ့အကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အတွင်းဝန် ဦးနိုင်ထူးအောင်က ပြောပါတယ်။

အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်(Anti-Dictatorship Revolution People’s Army DRPA) အနေနဲ့ကလည်း သူတို့ရဲ့ အလောတကြီးထုတ်ပြန်ချက်ကြောင့် မြေပြင်က UG တချို့အခက်အခဲဖြစ်ခဲ့ရသလို အမျိုးသားညီညွတ်ရေးအစိုးရအပေါ် အထင်အ မြင်လွဲသလိုဖြစ်စေတဲ့အတွက် DRPA ရဲ့ အမှားသာဖြစ်ပြီးတော့ အဲဒီအတွက်လည်း တောင်းပန်ပါတယ်ဆိုပြီး မနေ့က ကြေညာ ချက်ထုတ်ပြန်ခဲ့ပါတယ်။ လူထုကို အထင်အမြင်လွဲစေတဲ့ အရေးအသားတွေက DRPA ရဲ့ ဗဟိုကော်မတီဝင်အချို့ရဲ့ ကိုယ်ပိုင်အ ကောင့်တွေကနေ သတင်းတိကျမှုမရှိဘဲ ရေးသားခဲ့ခြင်းသာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က “Chain of Command ရဲ့ ထိပ်ဆုံးမှာ ရှိတဲ့ C3C ဟာ NUG တစ်ခုတည်းပါဝင်နေတာမဟုတ်သလို ဆယ်စုနှစ်ပေါင်းများစွာ တိုက်ပွဲဝင်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေတောင် Chain of Command တစ်ခုတည်းကနေ တိုက်ပွဲဝင်ဖို့ ဆောင်ရွက်နေတာ တွေ့ရင် အဖြေတွေ့မယ် ထင်ပါတယ်။ ဒါ့ကြောင့် ခိုင်မာတဲ့ Chain of Command တစ်ခုတည်း အောက်ကနေ ပါဝင် တိုက်ပွဲ နိင်ဖို့ အားလုံးက ကူညီ ဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်” လို့ ပြောပါတယ်။

တော်လှန်ရေးအောင်မြင်ဖို့အတွက် ပိုကောင်းတဲ့စုစည်းမှုကို မဖြစ်မနေတည် ဆောက်ရမှာဖြစ်သလို အဲဒီအတွက်လည်း ပိုပြီးတော့ စည်းလုံးစွာ၊ နားလည်စွာနဲ့ လက်တွဲသွားကြရမှာလည်းဖြစ်ပါတယ်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအားလုံးကိုလည်း အမျိုးသာ;ညီညွတ် ရေးအစိုးရနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့အရေးလည်း ပြောကြားထားသလို ဒါဟာတော်လှန်ရေးအောင်ဖို့အတွက် မဖြစ်မနေလိုအပ်တဲ့ ကိစ္စလို့လည်းပြောထားပါတယ်။

“တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းနဲ့ NUG တို့ ပူးပေါင်းမှုနဲ့ C3C (Central Command and Coordination Committe) ဆိုတာ ပေါ်လာပါပြီ။ အားလုံးchain of command တစ်ခုတည်းက တိုက်ပွဲဝင်ကြဖို့ပါ။ အဆင့်ဆင့်သော ကွပ်ကဲမှုများအတွက် အတွေ့အကြုံရှိ အရည်အချင်းရှိသူများကို ခန့်ထားနေပါပြီ။ (အချို့စိတ်ပူသလို စစ်ရေးတာဝန်များကို စစ်ရေးနားမလည်သော နီးစပ်တဲ့ နိုင်ငံရေးသမားများကို ခန့်မယ်ဆိုတာ လုံးဝမဟုတ်ပါ။)လက်ရှိ စုဖွဲ့ပြီး LDF များကိုလည်း ဖွဲ့စည်းထားတဲ့ အထိုင်ကို များစွာမပြောင်းလဲစေပဲ စနစ်ကျတဲ့ စုဖွဲ့မှုဖြစ်အောင် စီစဥ်ပေးနေပါတယ်။ Chain of Command ကို ဝင်စေချင်တာကလည်း တော်လှန်ရေးကို NUG က လက်ဝါးကြီးအုပ်လိုလို့ မဟုတ်ပဲ တော်လှန်ရေး အောင်နိုင်ဖို့ မဖြစ်မနေ လိုအပ်လို့ပါ။” လို့ ဦးနိုင်ထူးအောင်က ပြောပါတယ်။

တော်လှန်ရေးအောင်မြင်ဖို့အတွက် မဖြစ်မနေလိုအပ်တာက Chain of Command ဖြစ်ပြီးတော့ ခိုင်မာတဲ့ Chain of Command မရှိဘူးဆိုရင်တော့ ပျောက်ကြားစစ်အနေအထားမှာရှိနေဦးမှာဖြစ်ပြီး နယ်မြေသိမ်းနိုင်ဖို့အဆင့်ကို မရောက်နိုင်သေဘူးလို့ဆိုပါ တယ်။

လက်နက်တပ်ဆင်ပေးရင် အနိုင်ရပြီလို့ ပြောနေကြပေမယ့်လည်း လက်နက်တခုတည်းရှိပြီး Chain of Command မရှိရင်လည်း တိုက်ပွဲအောင်နိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က သုံးသပ်ပြထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.