တော်လှန်ရေးအဖွဲ့တွေအားလုံးသဘောတူလက်ခံတဲ့ နိုင်ငံရေးဘုံရည်မှန်း ချက်ကို ဆွေးနွေးအကောင်အထည်ဖော်ဖို့ ကျောင်းသားလက်ရုံးတပ် ၄ ဖွဲ့က သဘောထားကြေညာချက်ထုတ်ပြန်
ဇူလိုင် ၇ ၊ ၂၀၂၂
ဒီနေ့ကျရောက်တဲ့ 7 July ကျောင်းသားတော်လှန်ရေးနေ့အဖြစ် ကျောင်း သားလက်ရုံးတပ် ၄ ဖွဲ့က ပူးပေါင်းပြီး သဘော ထားကြေညာချက်ထုတ်ပြန်ရာမှာ တော်လှန်ရေးအဖွဲ့တွေ အားလုံးသဘောတူလက်ခံတဲ့ နိုင်ငံရေး ဘုံရည်မှန်းချက်ကို ဆွေးနွေးအကောင်အထည်ဖော်ဖို့ ဖော်ပြထားတာ တွေ့ရပါတယ်။
သဘောထား ကြေညာချက်ထုတ်ပြန်လိုက်တဲ့ အဖွဲ့ ၄ ဖွဲ့က တကသများ-ရန်ကုန် ကျောင်းသားလက်ရုံးတပ်တော်၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်တော်၊ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့နဲ့ ပြည်သူ့တော်လှန်ရေးအင် အားစု အနောက်ပိုင်းဒေသ အဖွဲ့တွေဖြစ်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ တော်လှန်ရေးအစုအဖွဲ့တွေအားလုံး သဘောတူလက်ခံတဲ့ နိုင်ငံရေးဘုံရည်မှန်းချက်တခုကို ဆွေးနွေး ဖော်ဆောင်ဖို့ လိုအပ်သလို ကွပ်ကဲမှုစနစ် ပြတ်သားခိုင်မာတဲ့ မဟာမိတ်တပ်ပေါင်းစုတရပ်အဖြစ် ဟန်ချက်ညီညီ တိုက်ပွဲ ဝင်နိုင်ဖို့ အထူးအရေးကြီးလှတယ်ဆိုပြီးတော့လည်း ဖော်ပြထားတာတွေ့ရပါတယ်။
စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရက်ဟူတဲ့ စစ်သုံးစစ်တိုက်ဖျက်ရေးမှုအပေါ် မားမားမတ်မတ်ရပ်တည်ကာ လူမျိုးပေါင်းစုံ ဖိနှိပ်ခံပြည်သူလူထုရဲ့ ကိုယ့်ကြမ္မာကိုယ်တိုင်ဖန်တီးခွင့်ရရှိရေးအပေါ် ခိုင်မာစွာရပ်တည်ပြီး ပြည်သူလူထုအားလုံးအတွက် လွတ်လပ်တဲ့ တရားမျှတတဲ့ တန်းတူညီမျှတဲ့ နိုင်ငံတော်တရပ်ဖြစ်စေဖို့ ရပ်တည်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
#SpringRevolution
#PVTV
#TheArtOfRevolution
#Satire
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။