တော်လှန်ရေးအတွက် လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ရည်ရွယ်ပြီး ရန်ပုံငွေပွဲပြုလုပ်မည်

တော်လှန်ရေးအတွက် လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ရည်ရွယ်ပြီး ရန်ပုံငွေပွဲပြုလုပ်မည်
ဖေဖော်ဝါရီ ၂၁ ၊ ၂၀၂၂

မြန်မာ့နွေဦးတော်လှန်ရေးရဲ့ လိုအပ်ချက်တွေကို တဖက်တလမ်းက ဖြည့်ဆည်းပေးဖို့ ရည်ရွယ်ပြီးတော့ Dawn Of Revo (DOR) ရဲ့ ပထမဆုံး ခြေလှမ်းအဖြစ် ရန်ပုံငွေပွဲ တစ်ခုပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီရန်ပုံငွေပွဲကို မတ်လ ၁၃ ရက် – မြန်မာနိုင်ငံ လူ့အခွင့်အရေးများနေ့ မှာ ကျင်းပမှာဖြစ်ပြီး ပြည်သူ့ဘက်တော်သား အနုပညာရှင်များက သူတို့ရဲ့ အတွေ့အကြုံတွေကို မျှဝေရင်း ပြည်တွင်းပြည်ပ ပန်းချီဆရာ ဓါတ်ပုံဆရာများရဲ့ ပန်းချီကားတွေနဲ့ ဓါတ်ပုံတွေကို ကံစမ်းမဲဖောက်ပေးကြမှာပါ။

ပထမဆု အဖြစ် မဲဖောက်ပေးမှာကတော့ ပန်းချီးဆရာမ နုယဉ်ရဲ့ The Dawn of Hope လို့ အမည်ပေးထားတဲ့ ပန်းချီကားပါ။ ပန်းချီကားက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူကို ဆရာမနုယဉ်က အသေးစိတ်ရေးဆွဲခြယ်မှုန်း ထားတာဖြစ်ပြီးတော့ အရွယ်အစားက ၃၀ × ၄၀ စင်တီမီတာ ရှိပြီး Canvas မှာ Acrylic ဆေးနဲ့ ရေးဆွဲထားတာ ဖြစ်ပါတယ်။

အဲဒီပန်းချီကားအပြင် အခြားသော ပြည်တွင်း ပြည်ပ ပန်းချီဆရာ ဓါတ်ပုံဆရာများရဲ့ အနုပညာမြောက် ပန်းချီကားတွေ၊ ဓါတ်ပုံတွေကိုလည်း ကံစမ်းမဲဖောက်ပေးကြမှာလို့ ဆိုပါတယ်။

ကံစမ်းမဲ လက်မှတ်တွေကို နိုင်ငံအလိုက် ဈေးနှုန်းသတ်မှတ်ထားပြီး Dawn of Revo Page(https://www.facebook.com/Dawn-Of-Revo-100709779191402/) ကနေလည်းဝယ်ယူနိုင်တယ်လို့ ဆိုပါတယ်။ ဒါအပြင် DOR ရဲ့ အဖွဲ့သားတွေထံကတစ်ဆင့်လည်း ဝယ်ယူနိုင်တယ်လို့ ဆိုပါတယ်။
နိုင်ငံနဲ့ စျေးနှုန်းအလိုက်ကတော့ အမေရိကန် – 20 USD ၊ စင်္ကာပူ – 20 SGD ၊ ဩစတေးလျ – 20 AUD ၊ နယူးဇီလန် – 20 NZD ၊ အင်္ဂလန် – 20 Pounds ၊ ထိုင်းနိုင်ငံ – 200 Baht ၊ မြန်မာနိုင်ငံ – 10000 ကျပ် ၊ ဘရူနိုင်း – 20 BD ၊ ကိုရီးယား – 10000 Won ၊ ဂျပန် – 1000 Yen တို့ဖြစ်ပါတယ်။

အနုပညာ လက်ရာမြောက်လှတဲ့ ပန်းချီကားနဲ့အတူ အခြားသော ပန်းချီကားများ၊ ဓါတ်ပုံများကို အမှတ်တရ ရယူပိုင်ဆိုင်နိုင်ဖို့အတွက် ကံစမ်းမဲလက်မှတ်တွေ ဝယ်ယူအားပေးရင်း တော်လှန်ရေး လိုအပ်ချက်တွေကို တထောင့်တနေရာကနေ ပါဝင် အားဖြည့် ကူညီပေးကြဖို့ အတွက်လည်း Dawn of Revo အဖွဲ့သားတွေက မေတ္တာရပ်ခံထားပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။


Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.