တော်လှန်ရေးအင်အားစုနဲ့ NUGအတွက် လိုအပ်တာထောက်ပံ့ဖို့ နီလာလက်စွပ် မဲဖောက်ပေးမယ်
ဖေဖော်ဝါရီ ၁၇၊ ၂၀၂၂
Reds Support REV ရဲ့ ဒုတိယအကြိမ် Fundraising အစီအစဉ်အဖြစ် နီလာနဲ့စိန်အရော လက်စွပ်အသစ်ချွတ်ချွတ်ကို မဲဖောက်ဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။
လက်စွပ်ရဲ့အသေးစိတ်အချက်အလက်တွေကတော့
နီလာ – ၁၄ပွင့် (0.46 carat)
စိန်- ၂၆ပွင့် (0.65 carat)
ရွှေချိန် – 2.18ဂရမ် (18K White Gold)
ကာလပေါက်ဈေး – SGD 990 တန်ဖိုးရှိတဲ့ လက်စွပ်ဖြစ်တယ်လို့ Reds Support REV က ထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးအင်အားစုတွေနဲ့ NUG အတွက် လိုအပ်သလိုထောက်ပံ့နိုင်ဖို့ ဒီလက်စွပ်လေးကို ပထမကံစမ်းမဲ က ကျန်တဲ့ ၁၀%လက်ကျန်ငွေအပြင် တခြားအလှူရှင်တွေလှူဒါန်းထားတဲ့ ငွေတွေနဲ့ မတည်ဝယ်ယူထားတယ်လို့ ဆိုပါတယ်။
မဲအစီအစဉ်ကိုတော့ ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က စတင်ပြီး ဒီတစ်ကြိမ်မှာတော့ တစ်မဲကို SGD 30 နဲ့သာရောင်းချ ကံစမ်းခွင့်ပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
တစ်ယောက်ကို မဲအရေအတွက် ကန့်သတ်ချက်မရှိ ဝယ်ယူ လှူဒါန်း ကံစမ်းနိုင်ပါတယ်။
အခုအချိန်မှာ Singapore Only သာ အလှူငွေလက်ခံနိုင်တာကြောင့် မြန်မာနဲ့တခြားကမ္ဘာတစ်ဝန်းက ကံစမ်းချင်သူတွေက ကိုယ်သူငယ်ချင်းတွေဆီက တစ်ဆင့် ဝယ်ယူကံစမ်း လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ညနေ၆နာရီမှာ မဲစာရင်းပိတ်မှာဖြစ်ပြီး မတ်လ ၁ ရက်နေ့ မှာကံစမ်းမဲတွေကို မြန်မာစံတော်ချိန် ည၁၀နာရီReds Support REV pageကနေ live လွှင့် ကံစမ်းမဲဖောက်ကြေငြာပေးသွားမှာဖြစ်ပါတယ်။
မဲတွေကို Reds Support Rev page ရဲ့ မက်ဆင်ဂျာကနေ ဆက်သွယ်ဝယ်ယူလှူဒါန်းကံစမ်းနိုင်တယ်လို့ Reds Support REV က ဆိုပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar
ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။