တော်လှန်ရေးမှာ တစ်ဦးနဲ့တစ်ဦး ညီညီညွတ်ညွတ်လုပ်ဆောင်ကြဖို့အတွက် KNDO စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြ ပြောကြား

တော်လှန်ရေးမှာ တစ်ဦးနဲ့တစ်ဦး ညီညီညွတ်ညွတ်လုပ်ဆောင်ကြဖို့အတွက် KNDO စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြ ပြောကြား
ဇူလိုင် ၁၆ ၊ ၂၀၂၂

အကြမ်းဖက်စစ်ကောင်စီ အမြစ်ပြုတ်ရေး တိုက်ပွဲဝင်နေကြတဲ့ တော်လှ န်ရေးကာလမှာ တစ်ဦးနဲ့တစ်ဦး ညီညီညွတ်ညွတ် လုပ်ဆောင်ကြဖို့အတွက် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်စောနယ်ဒါးမြက ပြောကြားလိုက်ပါတယ်။

ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ဖွဲ့စည်းတာ ၇၅ နှစ်မြောက်နေ့ဖြစ်တဲ့ ဒီနေ့မှာ KNDO စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်စောနယ်ဒါးမြက ပြောကြားလိုက်တာပါ။

“ဒီတော်လှန်ရေးမှာ ကျနော်တို့အားလုံး တစ်ဦးနဲ့တစ်ဦးနားလည်မှုရှိရှိကူညီကြပြီး ညီညီညွတ်ညွတ်လုပ်ဆောင်ကြ ဖို့လိုတယ်” လို့ ဗိုလ်ချုပ်စောနယ်ဒါးမြက မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၆ ရက်မှာ ကရင်တိုင်းရင်းသားများတန်းတူညီမျှခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဖြစ်ပေါ်ရေးတို့အတွက် အသက်ကိုရင်းပြီး လက်နက်ကိုင်တော်လှန်တဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ကို ကရင့်အမျိုးသားခေါင်းဆောင်ကြီးစောဘဦးကြီးက ဖွဲ့စည်းခဲ့တာပါ။

ဒီနေ့ကာလက ကရင်တစ်မျိုးသားလုံးလိုလားတဲ့ နိုင်ငံရေးအခင်းအကျင်းအတွက် ရွပ်ရွပ်ချွံချွံတော်လှန်နေတဲ့ KNDO ဖွဲ့စည်းတဲ့ ၇၅ နှစ်မြောက်နေ့ဖြစ်တဲ့အပြင် မြန်မာပြည်သူတွေအပေါ်အကြမ်းဖက်သတ်ဖြတ်တဲ့ မင်းအောင်လှိုင် ဦးဆောင် တဲ့ အကြမ်းဖက်စစ်တပ်ကို KNDO နဲ့အတူအများပြည်သူတွေက လက်တွဲပူးပေါင်းကာ ဟန်ချက်ညီညီ တိုက်ခိုက်အနိုင် ယူနေတယ်လို့ KNDO စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြက ပြောကြာခဲ့ပါသေးတယ်။
ဓာတ်ပုံ – KNDO
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။





Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.