တော်လှန်ရေးတပ်သားတွေ၊ အကျဉ်းကျခံနေရတဲ့ တော်လှန်ရေးရဲဘော်တွေ နဲ့ ဓမ္မဘက်ကိုကူးပြေ…


တော်လှန်ရေးတပ်သားတွေ၊ အကျဉ်းကျခံနေရတဲ့ တော်လှန်ရေးရဲဘော်တွေ နဲ့ ဓမ္မဘက်ကိုကူးပြောင်းတိုက်ပွဲဝင်နေတဲ့ CDM သမားတွေဆီကို “ခွန်အားမျှပေးစာ လက်ရေးမူ” လေးတွေ ပေးပို့နိုင်ဖို့ ဒီအစီအစဉ်လေးကို စတင်ခဲ့တာဖြစ်ပါတယ်။ အတွင်းအားတွေ လက်ဝါးချင်းကပ်ပြီး စီးကူးကြသလိုမျိုး ကျွန်တော်တို့တွေလဲ စကားလုံးတွေ၊ စာသားတွေကတဆင့် အချင်းချင်းခွန်အားတွေ စီးကူးမျှဝေကြရအောင်ပါ။
ခွန်အားမျှပေးစာလက်ရေးမူတွေကို PVTV ရဲ့ လူမှုကွန်ယက်စာမျက်နှာ www.facebook.com/pvtvmyanmar နဲ့ NUG Support Team ရဲ့ လူမှုကွန်ယက်စာမျက်နှာ www.facebook.com/NUGsupport တို့ရဲ့ Messenger တွေကနေတဆင့်ပေးပို့နိုင်ပါတယ်။
#SpringRevolution
#PVTV

Like – 4.6K Share – 260

Public Voice Television Facebook

Add your reaction

  1. သတိဆိုတာ ပိုတယ်လို့ မရှိပါဘူး။

    မူလပထမ သတင်းအရ မအလနဲ့စစ်အုပ်စုဟာ ပြည်တွင်းစစ်ကို လက်ဦးမှုယူပြီး …
    တော်လှန်ရေးတပ်အားလုံး အမြှစ်ပြတ်တိုက်ဖို့အတွက် သေခြာ ပလန်ချပြီး စီစဥ်ခဲ့ပါတယ်။

    ယခုကာလဟာ မိုးတွင်းကာလဖြစ်တဲ့အတွက်…
    တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေထဲမှာ…
    အစဥ်လာရှိတဲ့ ကချင်နဲ့ကရင်ကို တိုက်ဖို့က
    မလွယ်ကူမှန်း သိထားတဲ့အတွက်…
    မိုးကုန်တဲ့အချိန်ထိ အပစ်ရပ်စဲထားဖို့ စီစဥ်ခဲ့တာကို
    အားလုံးသိမယ်ထင်ပါတယ်။

    မအလနဲ့စစ်အုပ်စုရဲ့ အကြံက ရှင်းပါတယ်။
    မိုးကုန်လို့ ပွင်းလင်းရာသီဖြစ်တဲ့ ၁၁,၁၂ လပိုင်းတွေမှာ
    KIAနဲ့KNU နယ်မြေတွေကို အမြှစ်ပြတ်တိုက်မယ်ဆိုတဲ့
    အစီစဥ်နဲ့ ပြီးခဲ့တဲ့လတွေကစလို့….
    ၄င်းဒေသတွေဆီကို စစ်လက်နက်နဲ့ ရိက္ခာ၊အမြောက်အများကို ကြိုတင်ပို့ထားခဲ့ခြင်းဖြစ်ပါတယ်။

    တပ်တွင်းသတင်းတွေနဲ့ ဒေသခံပြည်သူတွေရဲ့
    မြေပြင်သတင်းတွေအရ သိထားရတာက…
    ကြည်း၊ရေ၊လေ တပ် အားလုံးကို အသုံးပြုပြီး…
    အာဏာတည်မြဲရေးအတွက် KIA,နဲ့ KNU တပ်တွေကို
    ချေမှုန်းပြစ်မယ်လို့ သိထားရပါတယ်။

    သို့သော်လဲ….
    တိုင်းရင်းသားတပ်ဖွဲ့များနဲ့​ပြည်သူတို့၏ အာဏာရှင်စနစ်ပြုတ်ကျရေးနဲ့ စစ်အုပ်စုအား
    အမြစ်ပြုတ်ခြေမှုန်းတဲ့အထိ တော်လှန်ရေးဟာ
    ဘာကြောင့်မှ…
    နောက် မလှည့်တော့ဘူးဆိုတဲ့ လမ်းစဥ်ကြောင့်…
    မည်သည့် ညှိနှိုင်းမှုမှ လက်မခံခဲ့တဲ့အတွက်ကြောင့်…
    မအလနဲ့စစ်အုပ်စု အခက်ကြုံနေရပါတယ်။

    အပစ်ရပ်ရေး ဆွေးနွေးပြီး အေးအေးဆေးဆေး ပြင်ဆင်ပြီးမှ တိုက်မယ်ဆိုတဲ့ မအလရဲ့ အကြံဟာ..
    မအောင်မြင်ခဲ့ပဲ…
    တော်လှန်ရေးတပ်ဖွဲ့များရဲ့ကြားဖြတ်တိုက်ခိုက်ခြင်း
    ခံရပြီး အကျအဆုံးများနေခဲ့တာကြောင့်…
    ဆိုင်ရာပိုင်ရာတွေကိုကပ်ပြီး…
    တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအပေါ်…
    ဖိအားပေးခိုင်းခဲ့ပါတယ်။
    သို့သော်လဲ….
    ထင်ထားတာထက်ပိုပြီး ပြတ်သားနေတဲ့ တိုင်းရင်းသားပြည်သူတို့၏ လုပ်ရပ်ကြောင့်…
    သာကောကြီးရဲ့အကွက်ကလည်း အသုံးမဝင်ခဲ့ပါဘူး။

    ဒါကြောင့်လဲ..
    ယခု အာစီယံအားကိုးနဲ့ ၄လအထိ အပစ်ရပ်ထားမယ်ဆိုတဲ့ သတင်းက ထွက်လာတာပါ။
    ဒီသတင်းထွက်လာတာဟာ တဖက်လှည့်နဲ့ မအလအကူညီတောင်းထားတာကြောင့်လို့ ထင်ပါတယ်။
    လက်ခံစရာ အကြောင်းမရှိပါဘူး။

    စိုးဝင်းတို့အဖွဲ့ရဲ့နိုင်ငံခြားခရီးစဥ်ဟာလည်း…
    ပြည်တွင်းစစ်အတွက် ပြင်ဆင်ဖို့ဆိုတာ လုံးဝ
    သံသယဖြစ်စရာ မလိုပါဘူး။

    ဒီတော့….
    သတိဆိုတာ ပိုတယ်လို့ မရှိပါဘူး။
    ဒေသအသီးသီးမှာရှိတဲ့ တော်လှန်ရေးတပ်တွေအနေနဲ့
    စစ်ပွဲအတွက် အစစအရာရာ ပြင်ဆင်ထားကြပါ။
    KIA အနေနဲ့ကတော့ လေကြောင်းကာကွယ်ရေး
    ကိစ္စတွေကစလို့ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။
    (ဘယ်လိုပုံစံဆိုတာ ပြောပြခွင့်မရှိပါ)
    ဒါကြောင့်….
    မအလနဲ့စစ်အုပ်စုအား အကူညီပေးနေသော…
    အာဆီယံကိုလည်း မယုံပါနဲ့။
    မအလနဲ့စစ်အုပ်စုနဲ့ ခြားဝင် ညှိနှိုင်းဆွေးနွေးပေးမယ်ဆိုတဲ့ ..သာကောကြီးစကားကိုလည်း မယုံပါနဲ့။

    အရေးတော်ပုံအောင်မြင်ဖို့အတွက်…
    ပြင်ဆင်စရာရှိတာကို ပြင်ဆင်ပြီး…
    အစီစဥ်ကောင်းကောင်းနဲ့
    တိုင်းရင်းသားပြည်သူအားလုံးက ညီညိညွတ်ညွတ်နဲ့ တိုက်ထုတ်မယ်ဆိုလျှင်..
    မကြာခင်မှာ…..
    ရောင်နီမြင်ရတော့မှမို့…
    တိုက်ပွဲစဖို့ အချိန်တန်ပြီ။
    👍👍👍

    #🚀သံပါးစပ်
    5.9.2021

  2. အားလုံးကိုလေးစားပါတယ် အားလုံးပင်ပန်းကြမယ်ဆိုတာကိုလဲသိပါ အားတင်းထားပါ အရေးတော်ပုံအောင်ရမည်

  3. အားလုံးကျန်းမာပါစေဘေးကင်းပါစေအောင်မြင်ပါစေ

  4. အားလုံးကိုလေးစားချစ်ခင်ပါသည်ကျန်းမာ၍ဘေးရန်ကင်းဝေးပြီးအောင်မြင်မှုပန်းတိုင်အမြန်ရောက်ရှိကြပါစေ၊

  5. လူထု လှုပ်ရှားမှူ့ အရိှမ်တအားမြင့်နေပီ သားဂတ်အသေအချာ လှုပ်ရှားပေးပါ

  6. အေဟေ့
    မြို့ပေါာက အသက်ပေး သူတွေက မင်းပြော သလို တန်ကြေးမရှိတောဘူး
    အပျော် အသက်ပေူနေ သလို့ဖြသ်နေပြီ

  7. မင်း မပြောတက်ရင်မပြောပါနဲ့ကွာ
    pdf ကြည့်ပဲ ပြောနေတာ
    စားစရာ ဝင်ငွေ မရှိ cdm
    တွေ အားပေးသူ ပြည့်တွေက ဘာတွေလဲ

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.