တော်လှန်ရေးတစ်နှစ်တာကာလအတွင်း ကျဆုံးခဲ့ရတဲ့သူတွေထဲက ၄၇ဒသမ၇ ရာခိုင်နှုန်းက လူငယ်တွေဖြစ်နေ
ဖေဖော်ဝါရီ ၇ ၊ ၂၀၂၂
တော်လှန်ရေး တစ်နှစ်ပြည့်တဲ့ ကာလဖြစ်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့အထိ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်တွေရဲ့ ကျဆုံးမှု စာရင်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနက မနေ့က ရက်စွဲနဲ့ ထုတ်ပြန် ကြေညာခဲ့ရာမှာ ကျဆုံးသူအားလုံးရဲ့ ၄၇ဒသမ၇ ရာခိုင်နှုန်းက လူငယ်တွေဖြစ်နေတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
တော်လှန်ရေးတစ်နှစ်တာကာလအတွင်းမှာ လူဦးရေစုစုပေါင်း ၁၄၂၉ ဦး ကျဆုံးခဲ့ရတယ်လို့ ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
အဲဒီကျဆုံးစာရင်းထဲကမှ လူငယ်အရေအတွက်က ၆၈၃ ဦးအထိ ရှိထားပြီးတော့ ရာခိုင်နှုန်းအားဖြင့် ၄၇ဒသမ၇ ရာခိုင်နှုန်းအထိကို ရှိထားတာပါ။ ကျဆုံးခဲ့တဲ့ လူငယ်တွေထဲက အများဆုံးဖြစ်ခဲ့တာက စစ်ကိုင်းတိုင်းထဲမှာဖြစ်ပြီးတော့ ၁၉၉ ဦးအထိကို ရှိခဲ့တာပါ။ ဒုတိယကတော့ ရန်ကုန်ဖြစ်ပြီး လူငယ် ၁၉၄ ဦးအထိ ကျဆုံးထားရပါတယ်။
အမျိုးသမီးကျဆုံးအရေအတွက်ကတော့ တစ်နှစ်အတွင်းမှာ ကျဆုံးခဲ့တဲ့သူတွေထဲ ၇ဒသမ၄ ရာခိုင်နှုန်းရှိထားပါတယ်။ ကျဆုံးခဲ့တဲ့ အမျိုးသမီးတွေထဲကအ များ ဆုံးဖြစ်ခဲ့တာက စစ်ကိုင်းတိုင်းပါပဲ။ အမျိုးသမီး ၂၇ ဦးအထိကို ကျဆုံးထားရတာပါ။ ဒုတိယအနေနဲ့ အမျိုးသမီးကျဆုံးအများဆုံးကတော့ မန္တလေးပါပဲ။ မန္တလေးမှာ အမျိုးသမီး ၂၂ ဦးအထိ ကျဆုံးခဲ့ရတာပါ။
ကလးငယ်တွေရဲ့ ကျဆုံးမှုကတော့ တစ်နှစ်တာကာလကျဆုံးသူအားလုံးရဲ့ ၇ဒသမ၂ ရာခိုင်နှုန်းအထိကို ရှိထားပါတယ်။ ကျဆုံးခဲ့တဲ့ ကလေးငယ်တွေထဲ အများဆုံးဖြစ်ခဲ့တာကလည်းစစ်ကိုင်းတိုင်းပါပဲ။ ကျဆုံးခဲ့ရတဲ့ ကလေးငယ် ၁၀၃ ဦးအထိ ရှိထားပြီးတော့ အဲ ဒီထဲမှက စစ်ကိုင်းတိုင်းက ၂၆ ရောက်နဲ့ ကလေးငယ်ကျဆုံးမှုအများဆုံးတိုင်းဖြစ်ထားရပါတယ်။ ကလေးငယ်ကျဆုံးမှု ဒုတိယအ များဆုံးကတော့ မန္တလေးတိုင်းပါပဲ။ မန္တလေးတိုင်းမှာ ကလေးငယ်ကျဆုံးသူက ၂၃ ဦးအထိကိုရှိထားတာပါ။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။