“တော်လှန်ရေးဆိုသည်မှာ – Episode 8” အဖြစ် “တောင်ကိုရီးယားနိုင်ငံရဲ့ တော်လှန်ရေးဆိုသည်မှာ အပိုင်း (၂)”ကို တင်ဆက်ပေးလိုက်ပါတယ်။ ဗိုလ်ကြီးစနေ၊ ဆေးမှူး မြတ်နိုးအေးနဲ့ PDF တပ်သားတွေ
– တောင်ကိုရီးယားနဲ့ မြန်မာနိုင်ငံက အာဏာရှင်တွေနဲ့ ကျောင်းသားတို့ရဲ့ တိုက်ပွဲတွေအကြောင်း
– ဂွမ်ဂျူးမြို့က စခဲ့တဲ့ ဆန္ဒပြပွဲတွေနဲ့ အာဏာရှင်ရဲ့ ရက်စက်တဲ့ ဖြိုခွင်းမှုတွေအကြောင်း
– ဆိုးလ်မြို့ကနေ မြို့ပေါင်း ၂၀ ကျော်ကို ကူးစက် အဲဒီ့နောက် တစ်နိုင်ငံလုံးနီးပါး ဆန္ဒပြကြရာက ဂျမ်ဒူးဝမ် အာဏာလက်လွှတ်လိုက်ရတဲ့ အကြောင်း
– ရွေးကောက်ပွဲလုပ်ပြီး ရုပ်သေးရုပ် အစိုးရကို အာဏာအပ်ခဲ့တဲ့အကြောင်း
– နောက်ဆုံးတော့ တောင်ကိုရီးယားနိုင်ငံဟာ ပြည်သူဆန္ဒနဲ့အညီ အရပ်သားသမ္မတက်လာပြီး အာဏာရှင်ခေတ် တစ်ခန်းရပ်ခဲ့တဲ့ အကြောင်းတွေကို ဆွေးနွေးကြတာ နားဆင်ခံစားကြရမှာဖြစ်ပါတယ်။
ယနေ့တင်ဆက်တဲ့ “တော်လှန်ရေးဆိုသည်မှာ – Episode 8” နဲ့ပဲ တော်လှန်ရေးဆိုသည်မှာ … အစီအစဉ် Season-1 ကို ရပ်နားမှာဖြစ်ပြီး Season-2 မှာ ဗိုလ်ကြီးစနေနဲ့ PDF တပ်သားတွေက ဘယ်လိုအကြောင်းအရာတွေ ဆွေးနွေးပြောဆိုကြမယ်ဆိုတာကို စောင့်မျှော်အားပေးကြဖို့ ဖိတ်ခေါ်ပါတယ်။
#Revolutionmeans
#MOD
#PVTV