တော်လှန်ရေးကာလ အသက်ကယ်နည်း…

တော်လှန်ရေးကာလ အသက်ကယ်နည်း
————————–
ဝမ်းတွင်းအင်္ဂါအစိတ်အပိုင်းများ သယ်ယူနည်း
#SpringRevolution
#PVTV

Like – 3.2K Share – 400

Public Voice Television Facebook

Add your reaction

  1. ြမန်မာ့နွေဦးတော်လှန်ရေးအောင်ရမည်။
    နိုင်ကိုနိုင်ရမည်။
    အရေးတော်ပုံအောင်ရမည်။

  2. မပြောချင်ပေမဲ့ ပြောရပါတော့မယ်
    ——————————————————
    မွန်ပြည်နယ်CDMအခြေအနေသိပ်မကောင်းတော့ပါ
    ကမာဝက်က ဆရာဝန်တယောက်
    CDMဖျက်ပြီး အလုပ်ပြန်ဝင်ရာကနေ စပြီး
    သူ့လက်အောက်ကျန်းမာရေးဝန်ထမ်းတွေအကုန်ပြန်ဝင်လို့
    ဆေးရုံက ပုံမှန်ပြန်လည်ပတ်နေပါပြီ

    အဲဒီဆရာဝန်ဟာ
    အာဏာသိမ်းပြီးနောက်ပိုင်း
    လင်မယားနှစ်ယောက်စလုံး
    ယုံကြည်ချက်အပြည့်နဲ့ အစောဆုံး
    CDMလုပ်ခဲ့ကြသူတွေပါ

    ခုလို တော်လှန်ရေးကာလ ၃လနီးနီး ရောက်လာခဲ့သည့်တိုင် အဖြူအမဲ သဲကွဲပြတ်သားတဲ့
    အဖြေတခု ထွက်မလာသလို
    စစ်ကောင်စီ အဖွဲ့သားတွေရဲ့အချိန်တိုင်း အနီးကပ် အမျိုးမျိုးလှည့်ပတ်ခြိမ်းခြောက်ခံနေရတာတွေကြောင့် သူတို့ရဲ့ တောင့်ခံနိုင်စွမ်းအား
    ကုန်ခမ်းသွားခဲ့ပါပြီ

    ကမာဝက်ဆေးရုံကို နမူနာထားပြီး
    မုဒုံက စစ်ကောင်စီဘက်တော်သား
    တွေကလည်း
    မုဒုံက CDMလုပ်နေသူတွေကို အလုပ်ပြန်ဆင်းကြဖို့ အမျိုးမျိုးလှည့်ပတ်ဆွဲဆောင်
    ခေါ်နေကြပါပြီ

    အခြားပြည်နယ်က ဝန်ထမ်းများလိုပဲ
    မွန်ပြည်နယ်က ဝန်ထမ်းအများစုဟာ
    ကိုဗစ်ကြောင့်အထိနာနေခဲ့ပြီးသားပါ
    ကိုဗစ်ကြောင့် ယဲ့ယဲ့လေးကျန်နေခဲ့တဲ့
    အထဲကမှ တိုင်းချစ်ပြည်ချစ်စိတ်နဲ့
    CDMကို အားတင်းလုပ်နေကြရတာပါ

    အစကတည်းက သိပ်ပြေလည်လှတဲ့
    ဘဝတွေမဟုတ်ကြတော့
    သူတို့ရဲ့ တောင့်ခံနိုင်စွမ်းအားဟာ
    အကန့်အသတ်ရှိပါတယ်
    ရေငုပ်ပြီး အသက်အောင့်ထားရသူလို
    နာရီသံ တချက်ချက်တိုင်းဟာ
    သူတို့အတွက် သေရေးရှင်ရေးဖြစ်နေပါတယ်

    ပိုဆိုးတာတခုပြောရရင်
    ခုထိ CDMစာရင်းမှာ အမည်စာရင်းမဝင်လို့CDMထောက်ပံ့ကြေး တပြားမှ မရသေးတဲ့ CDMဝန်ထမ်းတွေရှိသလို
    အမည်စာရင်းပါသူတွေကလည်း
    ဖောင်ငွေနည်းပါးမှုကြောင့် သတ်မှတ်နှုန်းလောက် ပိုက်ဆံအပြည့်အဝမရကြပါ

    စိတ်ဓာတ်ကျအောင်ပြောနေတာမဟုတ်ဘူး
    အဖြစ်မှန်ကို တင်ပြနေတာ
    တဖြေးဖြေးလှိုက်စား အက်ကြောင်းထလာနေတဲ့ မွန်ပြည်နယ်CDMရဲ့အခြေအနေမှန်ကို အထက်လူတွေ
    အချိန်မီ သိစေချင်နေတာ

    တိုက်ပွဲဟာ ကြာနေလို့မရဘူး
    တိုက်ပွဲဟာ အီလည်လည်ဖြစ်နေလို့မရဘူး
    အဖြူအမဲ တခုခု သဲကွဲတာမြင်မှ ရတော့မယ်
    မြို့သိမ်းတိုက်ပွဲနွဲ မလား?
    နွဲတော့
    မိတ်ဖက်နိုင်ငံရဲ့အကူအညီယူပြီးဆော်မလား?
    ဆော်ထည့်လိုက်တော့
    ဒီကလူတွေကလည်း
    လက်ထဲရှိတာနဲ့ တပိုင်တနိုင် ကူဆော်ပေးမယ်

    လူတွေ သွေးပူစိတ်ကြွနေတုန်း
    တော်လှန်ရေးစိတ်ဓာတ် မြင့်မားပြင်းထန်နေတုန်းမှာ အချိန်ကိုက် စစ်ပွဲဖော်ဆောင်ပေးဖို့လိုတယ်
    ဘယ်နည်းနဲ့ဖြစ်ဖြစ် ပွဲကမြန်မြန်ပြတ်ဖို့ပဲလိုတယ်

    CDMကနေ Non CDMဘဝပြန်ကူးရတာဟာ ခိုးရာလိုက်ပြေးဖို့ အထုပ်ဆွဲ ထွက်သွားရာက ချိန်းထားသူရောက်မလာခဲ့လို့ ရင်နာနာနဲ့ပဲအိမ်ပြန် ပေးစားသူနဲ့
    ယူလိုက္ရတဲ့ သတို့သမီးလိုပဲ
    ဘယ်သူမှ မပျော်ကြပါ
    ဖြစ်နိုင်ရင်
    ဘယ်ဝန်ထမ်းမှ CDM မဖျက်ချင်ကြပါ

    ဒါပေမယ့်
    အားလုံးရဲ့တောင့်ခံနိုင်စွမ်းအားဟာ
    အကန့်အသတ်နဲ့ပါ
    ထပ်ပြောမယ်
    “အကန့်အသတ်နဲ့ပါ”

    #crd- Soe Paing Oo

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.