တော့ကဘကြီးရဲတေဇရဲ့ တူမောင်ကြီးထံပေးစာ “ရွှေဉာဏ်တော်စူးရောက် အထူးကြောက်တဲ့ တူမောင…

တော့ကဘကြီးရဲတေဇရဲ့ တူမောင်ကြီးထံပေးစာ “ရွှေဉာဏ်တော်စူးရောက် အထူးကြောက်တဲ့ တူမောင်ကြီးတို့အဖွဲ့” ကို နွေလင်းဟန်က ဖတ်ရှုတင်ဆက်ထားပါတယ်။
#SpringRevolution
#PVTV

Like – 13K Share – 1868

Public Voice Television Facebook

Add your reaction

  1. သို့
    တူမောင်ကြီးမင်းအောင်လှိုင် (ပေးစာ ၉)

    ဟိုတနေ့က
    တိုင်းပြည်မှာ ငလျင်တွေလှုပ်သွားလို့
    မင်းတို့အဖွဲ့တောင် နာမည်ပြောင်းလိုက်ရတယ်ဆိုကွယ့်
    ဘကြီးလည်း အဲဒါပဲ ပြောမလို့ကွယ့်
    နာမည်ပြောင်းတာကတော့ ဟုတ်ပါပြီ
    ဘာလို့ အိမ်စောင့်အစိုးရလို့ ပြောင်းတာလဲ
    Blackpink တို့
    EXO တို့
    Girl’s generation တို့
    Project K တို့လို ခေတ်စားပြီး လန်းတဲ့နာမည်လေး ပြောင်းပါ့လားကွယ်
    ဥပမာ –
    The Thieves တို့၊
    The Stupid Idiots တို့၊
    The Bandits တို့ စသဖြင့် ခပ်မိုက်မိုက်နာမည်လေး ပြောင်းကြပေါ့
    ကိုယ်နားမလည်ပေမယ့် မိုက်တယ်လေကွယ်

    မဟုတ်ရင်လည်း ဘယ်နိုင်ငံရောက်ရောက်၊ ဘယ်သူနဲ့ပြောပြော မြန်မာလိုပဲ ပြောတတ်တဲ့ မင်းက မြန်မာမှုကို အရမ်းမြတ်နိုးတဲ့သူဆိုရင်လည်း မြန်မာဆန်ဆန်လေး ပေးလိုက်ပေါ့
    ဥပမာ –
    ကမကလများ
    ထာဝရမအလများ
    ကြိုးကွင်းစွပ်ကြသူများ
    ငရဲဂျိုးများ
    အဲသလို ခပ်ဆန်းဆန်းလေး ပေးလိုက်ရင်ရော မမိုက်ပေဘူးလားကွယ်
    ပြည်သူတွေလည်း ကြိုက်ကြမှာပါ
    မိုက်လည်း မိုက်
    လိုက်လည်း လိုက်တာကိုးကွယ့်

    အားမနာတမ်းပြောရရင်တော့
    အိမ်စောင့်ဆိုတာကြီးကတော့ မမိုက်ဘူးကွယ့်
    ဘကြီးတို့ဆီမှာ အိမ်စောင့်ဆိုတာက လူကြီးလူအိုတွေဟုတ်ရင်ဟုတ်၊ မဟုတ်ရင် ခွေးတွေပဲ ထားခဲ့တာများတယ်
    ဘယ်လိုပဲဖြစ်ဖြစ် နာမ်နိမ်တာပေါ့ကွယ်

    ဒါနဲ့ သစ်ဥသစ်ဖုတွေကနေ ကိုဗစ်ကာကွယ်ဆေးဖော်ကြဖို့လည်း တိုက်တွန်းထားတယ်ဆိုကွယ့်
    ဉာဏ်ကြီးလိုက်တာကွယ်
    တော်ရုံဦးနှောက်နဲ့ သာမန်လူတွေက
    ဒီလိုမျိုး ဘယ်သူမှ မစဥ်းစားမိကြဘူးကွယ့်
    မင်းတို့လို့ ဂေါင်းကြီး၊ ဦးနှောက်ကြီးတဲ့သူတွေသာ ဒီလို အဖိုးတန်အကြံဉာဏ်တွေထွက်တာ

    မင်းရဲ့လူတွေကိုလည်း ပြောလိုက်ပါကွယ်
    ဆေးဖော်တဲ့အခါ တမာရွက်တို့၊ ဂွေးတောက်ရွက်တို့၊ ဂျင်းတို့၊ ကြက်သွန်နီတို့၊ ငှက်ပျောအူတို့ လိုအပ်ခဲ့ရင် ဘကြီးကို ပြောပါလို့
    မင်းတို့လောက် ဉာဏ်မကောင်းပေမယ့် အဲဒါတွေတော့ ဘကြီးခြံထဲမှာပဲ ရှိတယ်လို့

    စကားမစပ်
    မင်းတို့တပ်ထဲမှာ အချင်းချင်း နောက်ပေါက်ချဲ့ပြီး ဇာတ်တူသားစားတဲ့ အကောင်တွေ ရှိတယ်ဆိုကွယ့်
    ခံရသူ အရေအတွက် တရာကျော်တယ်ဆိုတော့ နည်းနည်းနောနော မျိုးချစ်စိတ်ကြီးလားကွယ်
    ဒါပေသိ
    အချင်းချင်းသတ်ဖြတ်၊ တက်နင်း၊ ခြေထိုး၊ ချောက်တွန်းပြီး ဇာတ်တူသားစားတာထက်စာရင်တော့ တော်သေးတာပေါ့ကွယ်
    အခါတိုင်းလိုပဲ မသိချင်ယောင်ဆောင်ပြီး အသာဖုံးထားလိုက်ပါကွယ်
    ဒါမျိုးက လူအများကြီးသိလို့ မကောင်းဘူး
    တိုးတိုးတိတ်တိတ်ပဲ ကောင်းတယ်

    အခုတလော တိုင်းရင်းသားလက်နက်ကိုင်တွေ၊ PDF တွေကြောင့် မင်းကောင်တွေ အသေအပျောက်များနေတယ်ဆိုကွယ့်
    တပ်ပြေးတွေလည်း များလာပြီကြားတယ်
    ဒီသတင်းတွေလည်း ဖုံးထားကွယ့်
    သူများတွေ ဝမ်းသာတာ၊ ဝမ်းမသာတာထက် မင်းတပ်က မိသားစုတွေသိရင် စိတ်ဓာတ်ကျသွားလိမ့်မယ်
    ဟိုနေ့ကလို ရဲမေတွေကို တပ်တွင်းဝက်ခြံ ကျားတက်ထိုးခိုင်းလိုက်တာမျိုး မကြာခဏလုပ်ခိုင်းသင့်တယ်
    သူတို့လည်း စိတ်ပြေ၊ ဝက်သားလည်း စားရ၊ မျက်ရည်လည်း ချူပြီးသားဖြစ်၊ စိတ်ဓာတ်မြှင့်တင်ပြီးသားလည်း ဖြစ်၊ တချက်ခုတ် လေးချက်ပြတ်ဆိုတော့ နည်းနည်းနောနော စစ်နည်းဗျူဟာမြောက်နေမှုကြီးလားကွယ်

    ကိုင်း… ဒါပဲဟေ့..

    မင်းတို့ဆီက တပ်မြေသြဇာ အော်ဒါပြည့်နေရင်လည်း တပ်ပြာလေးဘာလေးရော မရနိုင်ဘူးလားကွယ်၊ ဘာရယ်တော့မဟုတ်ပါဘူး၊ သဂြိုဟ်စက်တွေလည်း ဆောက်နေတာဆိုတော့ မေးကြည့်ကြည့်တာ
    ဘကြီး ငှက်ပျောခင်းထဲ ထည့်ချင်လို့…

    ဒါပဲနော်…
    ရရင် ပို့ပေးလိုက်ပါအုံး

    တောကဘကြီး
    (အုန်းဒိုင်းဂွမ်းငှက်ပျောခြံ)

  2. PVTV မှာ ဘကြီးပါအားဖြည့်လိုက်တော့ ပိုပြီး ပြည့်စုံမြိုင်ဆိုင်သွားတာပေါ့👍👍👍

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.