တောင်ကိုရီးယားရောက်မြန်မာတွေနဲ့ ကိုရီးယားနိုင်ငံသား ၄၀၀ ကျော် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်
ဒီဇင်ဘာလ ၁၂၊ ၂၀၂၁
တောင်ကိုရီးယားနိုင်ငံ၊ ချန်ဝမ်မြို့မှာ မြန်မာ့စစ်အာဏာရှင်စနစ်ကျဆုံးရေးနဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်လာရေးအတွက် ကိုရီးယားနိုင်ငံရောက်မြန်မာတွေနဲ့ ကိုရီးယားနိုင်ငံသားတွေပါ ပူးပေါင်းပါဝင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ကိုဗစ်စည်းကမ်းဥပဒေတွေ ကြားမှာပဲ ကိုရီးယားအစိုးရဝန်ထမ်းတွေ ရဲတွေရဲ့ ကူညီပေးမှုနဲ့ အတူ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် ဒီနေ့ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ လူဦးရေ ၄၉၉ ယောက်ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒီဆန္ဒထုတ်ဖော်ပွဲမှာ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းအလုပ်လုပ်ကိုင်နေတဲ့ ပေါ်စကိုကိုရီးယားကုမ္မဏီကို မြန်မာငွေကြေးစီးဆင်းမှုရပ်တန့်ပေးရေး၊ ကိုရီးယားအစိုးရက ကူညီမှူပေးရေး၊ကိုရီးယားနိုင်ငံသားတွေကလဲ မြန်မာပြည်သူနဲ့ အတူရပ်တည်ပေးရေး အပြင်တော်လှန်ရေးကိုအရှိန်မြှင့် ကူညီထောက်ပံ့နိုင်ဖို့ နှိုးဆော်တိုက်တွန်းစကားတွေ ပြောဆိုခဲ့ကြပါတယ်။
ဒါအပြင် တော်လှန်ရေးသံချပ် ကြွေးကြော်ခြင်း၊ တော်လှန်ရေးသီချင်းတွေ သီဆိုတာအပါအဝင် တော်လှန်ရေးကဗျာတွေရွတ်ဖတ်ပြီး မြို့တွင်း လှည့်လည် ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ ဆိုပါတယ်။
#SpringRevolution
#PVTV
#PVTVNews