တိုင်းရင်းသားဒေသတွေမှာ သယံဇာတတွေ စီမံအုပ်ချုပ်နိုင်ရေးအတွက် ပြည်နယ်/ဖက်ဒရယ်ယူနစ် အတိုင်ပင်ခံ ကောင်စီတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
မတ် ၇ ၊ ၂၀၂၂
တိုင်းရင်းသားဒေသတွေမှာ သယံဇာတတွေ စီမံအုပ်ချုပ်နိုင်ရေးအတွက် ပြည်နယ်/ဖက်ဒရယ်ယူနစ် အတိုင်ပင်ခံ ကောင်စီတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ အရှိန်အဟုန်မြှင့်ချိတ်ဆက်လုပ်ဆောင်သွားဖို့ အမျိုးသားညီညတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။
ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့(NAB-NR) ရဲ့ ( ၂/၂၀၂၂) ရဲ့ အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာ ရီမှာ ပြုလုပ်ခဲ့ပြီး အစည်းအဝေးဥက္ကဌအဖြစ် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ရာမှာ အထက်ပါအတိုင်း ထည့်သွင်းပြောကြားလိုက်တာပါ။
“ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ရဲ့ အရေးကြီးတဲ့ လုပ်ငန်းတာဝန်တွေထဲက တချို့ဖြစ်တဲ့ သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့တွေကို သက်ဆိုင်ရာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ကြီးကြပ်မှုနဲ့ ထပ်မံ တိုးချဲ့ ဖွဲ့စည်းသွားဖို့နဲ့ မြို့နယ်အဆင့် သယံဇာတ စီမံအုပ်ချုပ်မှုလုပ်ငန်းတွေနဲ့ အခွန်ကောက်ခံမှုတွေကို စနစ်တကျနဲ့ အလေအလွင့်မရှိစေရေး ကြီးကြပ်လမ်းညွှန်ဖို့၊ တိုင်းရင်းသားဒေသတွေမှာ ၎င်းတို့ရဲ့ သဘောဆန္ဒနဲ့အညီ သယံဇာတတွေ စီမံအုပ်ချုပ်နိုင်ရေး ပြည်နယ်/ဖက်ဒရယ်ယူနစ် အတိုင်ပင်ခံကောင်စီတွေနဲ့ ညှိနှိုင်းဆောင်ရွက်ရေးတို့ကို အရှိန်အဟုန်မြှင့် ချိတ်ဆက်ဆောင်ရွက်သွားဖို့ အလေးအနက် တိုက်တွန်းလိုတယ်” ဆိုပြီး ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောကြားလိုက်တာပါ။
အာဏာရှင်အမြစ်ပြတ်ရေးအတွက် တော်လှန်ရေးအရှိန်အဟုန်မြင့်နေတဲ့ အချိန်ကာလအတွင်းမှာ နိုင်ငံရဲ့ အဖိုးတန်သယံဇာတတွေကို စနစ်တကျ စီမံအုပ်ချုပ်တာနဲ့ ရရှိလာတဲ့ အခွန်ဘဏ္ဍာတွေကို တော်လှန်ရေးအတွက် ထိထိရောက်ရောက် သုံးစွဲသွားဖို့ လိုအပ်သလို တစ်ပြိုင်နက်တည်းမှာပဲ ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေ ရေး၊ သဘာဝသယံဇာတတွေ ရေရှည်တည်တံရေးနဲ့ သယံဇာတစီမံအုပ်ချုပ်ခြင်းကနေ ဒေသခံလူမှုဘဝအဆင့် မြင့်မားလာရေးတို့အတွက်လည်း အထူးအလေးထားလုပ်ဆောင်ကြဖို့ လိုအပ်တယ်ဆိုပြီးတော့လည်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီက ပြည်သူတွေကို နှိပ်စက်ညှင်းပန်သတ်ဖြတ်ဖို့ သစ်တော၊ သတ္တုနဲ့ ကျောက်မျက်အ ပါအဝင် သယံဇာတတွေကို ထုတ်ယူရောင်းချပြီး အင်းအားဖြည့်တင်းနေတာတွေလုပ်နေတယ်ဆိုတာနဲ့ စစ်ကောင် စီရဲ့ ဝင်ငွေရလမ်းကြောင်းတွေဖြစ်တဲ့ သယံဇာတ ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းတွေနဲ့ အဲဒီလုပ်ငန်းတွေမှာ ပါ ဝင် ပတ်သက်နေတဲ့သူတွေအားလုံးကို နည်းလမ်းမျိုးစုံသုံးပြီး တားဆီးပိတ်ပင်ဖို့ လိုအပ်တဲ့ကြောင်းကိုလည်း ဝန် ကြီးချုပ်က မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ်က “ကြားကာလ သယံဇာတစီမံအုပ်ချုပ်မှုအတွက် ရေးဆွဲလျက်ရှိတဲ့ အရေးပေါ် လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်နဲ့ မူဘောင်တွေကို အမြန်ထုတ်ပြန် အကောင်အထည်နိုင်ရေး ကြိုးစားရန် လိုအပ်သလို စစ်ကောင်စီအတွက် အထောက်အပံ့ ဖြစ်စေတဲ့သယံဇာတ ထုတ်လုပ်ရောင်းချတဲ့လုပ်ငန်းတွေကို လည်း မျက်ခြေမပြတ်စောင့်ကြည့် တားဆီးသွားနိုင်ရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ၊ တော်လှန်ရေးအင်အားစု တွေနဲ့ အချိတ်အဆက်မိမိ ဆောင်ရွက်သွားဖို့ လိုအပ်တယ်” ဆိုတာတွေကို ပြောကြားခဲ့ပါတယ်။
ဒါအပြင် ပထမအကြိမ် အစည်းအဝေးက ချမှတ်ခဲ့တဲ့ လုပ်ငန်းစဉ်၊ဆုံးဖြတ် ချက် တွေအကောင်အထည်ဖော်နိုင်မှု အပေါ် ပြန်လည်သုံးသပ်ပြီးတော့ အားနည်းချက်တွေ၊ လိုအပ်ချက်တွေကို ပြုပြင်နိုင်မယ် အကြံကောင်းတွေ ပြု ကြရင်း မျှော်မှန်းထားတဲ့ အာဏာရှင်စနစ် အမြစ်ပြတ်ရေးသာမကဘဲ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သယံဇာ တဆိုင်ရာ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ရေး ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်