တိုင်းရင်းသားတွေ ညီညွတ်စွာ စုပေါင်းထားတဲ့ အင်အားက တော်လှန်ရေးအောင်မြင်ဖို့အတွက် အထက်မြက်ဆုံးလက်နက် လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား

တိုင်းရင်းသားတွေ ညီညွတ်စွာ စုပေါင်းထားတဲ့ အင်အားက တော်လှန်ရေးအောင်မြင်ဖို့အတွက် အထက်မြက်ဆုံးလက်နက် လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
ဇန်နဝါရီ ၂၊ ၂၀၂၂

တိုင်းရင်းသားတွေ ညီညွတ်စွာ စုပေါင်းထားတဲ့ အင်အားက တော်လှန်ရေးအောင်မြင်ဖို့အတွက် အထက်မြက်ဆုံးလက်နက် ဖြစ်တယ်လို့ ဒီနေ့မှာ ကျရောက်တဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပေးပို့တဲ့ သဝဏ်လွှာမှာ အမျိုသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောကြားလိုက်တာပါ။

“တောင်ပေါ်မြေပြန့် ကျေးလက်မြို့ပြမကျန် လူမမယ်ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ လူငယ်လူရွယ် ကျောင်းသားကျောင်းသူများ၊ အနုပညာရှင်များ၊ အာဏာရှင်လက်အောက် ဒူးမထောက်ဘဲ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ အလုပ်သမား လယ်သမားများ၊ နယ်ပယ်အသီးသီးမှ အာဏာရှင်ကို နည်းမျိုးစုံဖြင့် ခုခံတော်လှန်နေကြသည့် တော်လှန်ရေးရဲဘော်များအားလုံး ယခုကဲ့သို့ စိန်ခေါ်မှုအမျိုးမျိုးနှင့် ရင်ဆိုင်နေရသည့် အခါသမယတွင် တိုင်းရင်းသားပြည်သူ အား လုံး၏ တစ်ဦးချင်းတစ်ဦးချင်း အရည်အသွေးစိတ်ဓာတ်တို့သည့် အထူးအရေးကြီးလှပါသည်။ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး ညီညွတ်စွာ စုပေါင်းလိုက်သော အင်အားသည် အရေးတော်ကြီးပုံကြီး အောင်မြင်ရေးအတွက် အထက်မြက်ဆုံးသောလက်နက်ဖြစ် ပါသည်” လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း သဝဏ်လွှာထဲမှာ ထည့်သွင်းပြောကြားလိုက်တာပါ။

ဒါအပြင် ကရင့်အမျိုးသား ဘိုးဘွားဘီဘင်တွေ ချမှတ်ခဲ့တဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာတွေကို နောင်နှစ်ပေါင်း များစွာ ကမ္ဘာတည်သရွေ့ ဆက်လက်ထိန်းသိမ်းကြပြီး ကောင်းမွန်မြင့်မြတ်တဲ့ ကရင့်အမျိုးသားစိတ်ဓာတ်နဲ့အတူ ပြည်ထောင်စု စိတ်ဓာတ်များကို မွေးမြူကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ဖြစ်ထွန်းပေါ်ပေါက်လာရေးအတွက် တိုင်းရင်းသားညီအကို မောင်နှမ အားလုံးနဲ့ လက်တွဲပြီး အောင်မြင်ပြီးဆုံးတဲ့အထိ ကြိုးပမ်းဆောင်ရွက်နိုင်ကြပါစေလို့လည်း ကရင်အမျိုးသား နှစ်သစ်ကူး နေ့ အခါသမယမှာ ဆုမွန်ကောင်းတောင်းပေးထားတာလည်းတွေ့ရပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ အဓမ္မအာဏာသိမ်းယူထားမှုကို နိုင်ငံနဲ့အဝန်းမှာ ခုခံဆန့်ကျင် တွန်းလှန်လျက်ရှိရာ အမျိုးသားညီညွတ် ရေးအစိုးရနဲ့အတူ တောင်ပေါ်မြေပြန့်တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်နေတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ပဲ အကြမ်းဖက်စစ်ကောင်စီရဲ့ ဥပဒေမဲ့ တရားလက်လွတ်ပြုကျင့်မှုတွေကြောင့် ပြည်သူတစ်ရပ်လုံး ဘေးအန္တရာယ်အမျိုးမျိုးနဲ့ ရင် ဆိုင်ကြုံတွေ့ရချိန်မှာ ကရင်ပြည်နယ်သူ ပြည်နယ်သားတွေက ပြည်ထောင်စုစိတ်ဓာတ်နဲ့ ဖေးမကူညီပံ့ပိုးပေးခဲ့ကြတာ ကျေးဇူးတင် ဂုဏ်ယူဖွယ်ရာ ကောင်းတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

ဒီနေ့ကျရောက်တဲ့ ကရင်သက္ကရာဇ် ၂၇၆၁ ခုနှစ်မြောက်(ပြာသိုလဆန်း ၁ ရက်) ကရင်အမျိုးသားနှစ်သစ်ကူးနေ့ မှာ ကရင်တိုင်းရင်း သားအားလုံး ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်းနဲ့ပြည်စုံပြီး ဘေးကင်းလုံးခြုံစွာနဲ့ ကျန်းမာပျော်ရွှင်ကြပါစေကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရက သဝဏ်လွှာမှာ ဖော်ပြခဲ့တာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews



Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.