တိုင်းရင်းသားစည်းလုံးညီညွတ်မှုအခြေအနေက အားအကောင်းဆုံးဖြစ်နေလို့ ဒီနှစ်အတွင်းမှာပဲ တော်လှန်ရေးအောင်မြင်မယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား

တိုင်းရင်းသားစည်းလုံးညီညွတ်မှုအခြေအနေက အားအကောင်းဆုံးဖြစ်နေလို့ ဒီနှစ်အတွင်းမှာပဲ တော်လှန်ရေးအောင်မြင်မယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
ဇန်နဝါရီ ၁၉ ၊ ၂၀၂၂

လက်ရှိအခြေအနေမှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုအားက မကြုံဖူးလောက်အောင်ကို အားအကောင်းဆုံးဖြစ်နေတဲ့အတွက် ဒီနှစ်အတွင်းမှာပဲ တော်လှန်ရေးက အောင်မြင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောကြားလိုက်ပါတယ်။

“ဒီနှစ်ကတော့ အောင်မြင်ဖို့လို့ ကျွန်တော်တို့က တွက်ထားတာပဲ။ အခက်အခဲလေးတွေတော့ ရှိတာပေါ့ဗျာ၊ အဲဒီအခက် အခဲလေးတွေ ကျော်လွှားနိုင်ဖို့ပါပဲ။ ဒီလိုအချိန်အခါမျိုးကတော့ တစ်ခါမှ မကြုံဖူးဘူး၊ တိုင်းရင်းသားစည်းလုံးညီညွတ် မှုကလည်း တစ်ခါမှ မကြုံဖူးဘူးပေါ့။” လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မြန်မာနောင်းသတင်းဌာနဲ့ အင်တာဗျူးမှာ ထည့်သွင်း ပြောကြားလိုက်တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းသဘောတူညီမှုတွေလုပ်ဆောင် ထားခဲ့နိုင်တယ်လို့လည်း ပြောပါတယ်။ အဲဒီလိုဆွေးနွေးအဖြေရှာနိုင်ခဲ့တာကြောင့်လည်း လက်ရှိအခင်းအ ကျင်းမှာ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ စည်းလုံးမှုအားကောင်းသွားခဲ့တာလို့လည်း ဆိုထားပါတယ်။

“ကျွန်တော်တို့က ဒီနှစ်တော့ အကျော်မခံပါဘူး။ ပြည်သူလည်း အတော်ပန်းနေပြီလေ။ ဒီအချိန်ကြာလာပြီးတဲ့အခါကျတော့ ကျွန်တော်တို့ အမြန်ဆုံး အောင် မြင်နိုင်အောင် လုပ်မှာပါ။ သိတဲ့အတိုင်းပဲ ကျွန်တော်တို့က မြေပြင်မှာ အကုန် လုံး အသာစီးရတယ်။ အခုတော့ သူတို့ လေကြောင်း (တိုက်ခိုက်မှု) ကို ဘယ်လိုလုပ်မလဲဆိုတဲ့ အပိုင်းပဲ စဉ်းစားရတာပေါ့။ ဒါတွေက EAO တွေနဲ့ တိုင်ပင်ရမဲ့ ကိစ္စတွေပါ။ လေကြောင်းသာ မရှိဘူးဆိုရင် ကျွန်တော်တို့ ကောင်းကောင်းကြီး နိုင်နေပြီ။” လို့ မန်းဝင်းခိုင်သန်းက ပြောထားပါသေးတယ်။

အာဏာမသိမ်းခင်အခြေအနေမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ရန်ငါ မဖြတ်ခဲ့တာတွေက အခုချိန်မှာ ရန်ငါပြတ်သွားပြီ ဖြစ်တာကြောင့် တော်လှန် ရေးပြီးစီးတဲ့အချိန်မှာ အားလုံးအစကနေ ကောင်းကောင်းပြန်စနိုင်ပြီလို့ ဆိုပါတယ်။

လက်ရှိတော်လှန်ရေးက ပြည်သူတွေနဲ့ Generation Z တွေရဲ့ တော်လှန်ရေးဖြစ်ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ထိန်းကျောင်းပေးတဲ့ အနေအထားပဲရှိတယ်ဆိုတာနဲ့ တော်လှန်ရေးအောင်မြင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အစွမ်းကုန် လုပ်ဆောင်သွားမယ်ဆိုတာကိုလည်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားထားတာ တွေ့ရပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.