တိုက်ပွဲအတွင်း အရေးပေါ် ပြုစုကုသနည်း(Combat Medic Training)ကို Burma Academy ရဲ့ ဝက်ဆိုဒ်မှာ စတင်လေ့လာနိုင်ပြီ
မတ် ၁၆ ၊ ၂၀၂၂
လက်တွေ့အသုံးချပညာရပ်နဲ့ တော်လှန်ရေးအထောက်အကူပြုသင်ခန်းစာတွေကို ဖွင့်လှစ်သင်ကြားပေးမယ်လို့ ကြေညာထားတဲ့အတိုင်း Burma Academy ကတော့ သူ့ရဲ့ဝက်ဆိုဒ်မှာ တိုက်ပွဲအတွင်း အရေးပေါ် ပြုစုကုသနည်း(Combat Medic Training)ကို စတင်လေ့လာနိုင်ပြီဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။
တိုက်ပွဲအတွင်း အရေးပေါ် ပြုစုကုသနည်း(Combat Medic Training) သင်ခန်းစာကို Yangon Medical Network ကနေပြီးတော့ သင်ကြားပို့ချပေးသွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
သင်ခန်းစာမှာတော့ ပြည်သူတိုင်း တက်မြောက်ထားသင့်တဲ့ ထိခိုက်ဒဏ်ရာကုသနည်းတွေသာမက တိုက်ပွဲ အတွင်း ထိခိုက်ဒဏ်ရာရသူများကို စနစ်တကျ ပြုစုကုသခြင်းနဲ့ ပတ်သက်တဲ့ လက်တွေ့သင်ခန်းစာတွေကို သင်ကြားပေးသွားမှာ ဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ဒါအပြင် ဒီသင်ခန်းစာဟာဆိုရင် ဒဏ်ရာရလူနာတွေကို ကုသပေးရတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းများအတွက်တင် မကဘဲ မိမိရဲ့ မိသားစု၊ ဆွေမျိုးတွေအတွက် လိုအပ်လာလျှင်လည်း အရေးပေါ်ကုသပြီး အသက်ကယ်ဆယ်နိုင်တဲ့ လက်တွေ့အသုံးကျ သင်ခန်းစာဖြစ်လို့ လူတိုင်းတက်မြောက်ထားသင့်တယ်လို့ ညွှန်းဆိုထားပါတယ်။
သင်ခန်းစာတွေကို တစ်ပတ်စာချင်းစီခွဲပြီး website မှာ တင်ပေးထားမှာဖြစ်ပြီး သင်တန်းကာလကတော့ ၄ ပတ် ကြာမြင့်မှာဖြစ်တယ်လို့ ဆိုပါတယ်။ သင်ခန်းစာသစ်တွေကို အပတ်စဉ် တနင်္လာနေ့တိုင်း တင်ပေးမှာဖြစ်ပြီး တစ်ပတ်စာသင်ခန်းစာတွေ ပြီးဆုံးတာနဲ့တစ်ပြိုင်နက် ကိုယ်တိုင်လေ့ကျင့်ဖို့လည်း အထူးအရေးကြီးပါတယ်။
Combat Medic Training Course ကို ပြီးဆုံးအောင် တက်ရောက်ပြီးသွားရင်တော့ သင်ဟာတိုက်ပွဲအတွင်းမှာ ထိခိုက်ဒဏ်ရာရသူတွေကို စနစ်တကျ ထိရောက်တဲ့ အရေးပေါ်ကုသနည်းတွေကို အသုံးပြုပြီး ကယ်တင်နိုင်တော့ မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
သင်ခန်းစာကို အဆုံးထိတက်ရောက်ပြီးပြီဆိုရင်တော့ အရည်အချင်း အသိအမှတ်ပြုလက်မှတ် – Certificate ကို Yangon Medical Network နဲ့ Burma Academy ကနေ ပူးပေါင်းပေးအပ်သွားမှာဖြစ်ပါတယ်။
Combat Medic Training Course ရဲ့ Certificate ကို ရယူဖို့အတွက် အခကြေးငွေ ကောက်ခံသွားမှာ မဟုတ်ပေမယ့် Certificate ထုတ်ယူဖို့အတွက် CDM ကျောင်းသူ/သားဟုတ်မဟုတ် အတည်ပြုပြီးမှ ပေးအပ်သွားမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ တက်ရောက်လိုသူတွေအနေနဲ့ https://burma.ac/courses/course-v1:YMN+YMN001+2022_T1/about ကိုချိတ်ဆက်ပြီး တက်ရောက် နိုင်တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
#SpringReovlution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။