တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရသူ ရဲဘော်ဇေယျာအတွက် Black Wolf PDF-MDY က “ဒို့ … နွေဦးသူရဲကောင်းအတွက် ငွေတိုက်စာချုပ်” ပေးအပ်ဂုဏ်ပြု

တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရသူ ရဲဘော်ဇေယျာအတွက် Black Wolf PDF-MDY က “ဒို့ … နွေဦးသူရဲကောင်းအတွက် ငွေတိုက်စာချုပ်” ပေးအပ်ဂုဏ်ပြု
အောက်တိုဘာ ၆ ၊ ၂၀၂၂

မြို့ပြ mission တစ်ခုပြုလုပ်ပြီး အပြန်လမ်းမှာ အကြမ်းဖက်စစ်တပ်နဲ့ ထိပ် တိုက် တွေ့ဆုံပြီး တိုက်ပွဲမှာ မြင့်မြတ်စွာ ကျဆုံးခဲ့ရသူ ရဲဘော်ဇေယျာအတွက် Black Wolf PDF-MDY က “ဒို့ … နွေဦးသူရဲကောင်းအတွက် ငွေတိုက်စာချုပ်” ပေးအပ်ဂုဏ်ပြုခဲ့ပါတယ်။

ရဲဘော်ဇေယျာက MDY-PDF တပ်ရင်း-၃ ၊ တပ်ခွဲ-၃ ရဲ့ တပ်စုမှူးဖြစ်ပြီးတော့ ၂၀၂၂ ခုနှစ် မတ်လ ၁၁ ရက်နေ့ မြို့ပြ mission တစ်ခုပြုလုပ်ပြီး အပြန်လမ်းတွင် အကြမ်းဖက်စစ်တပ်နဲ့ထိပ်တိုက်တွေ့ဆုံပြီး အပြန်အလှန်တိုက်ခိုက်ရင်း မြင့်မြတ်စွာ အသက် ပေးလှူခဲ့တာပါ။

တိုင်းပြည်နဲ့ပြည်သူအတွက် တိုက်ပွဲဝင်ရင်း အသက်ပေးလှူသွား‌ခဲ့တဲ့ သူရဲကောင်းရဲဘော် ဇေယျ ကို နွေဦးပြည်သူအပေါင်းက ဦးညွတ်အလေးပြုရင်း ကျန်ရစ်သူမိသားစုကို ကူညီစောင့်ရှောက်တဲ့ အနေနဲ့ Black Wolf PDF-MDY က “ဒို့ … နွေဦးသူရဲကောင်းအတွက် ငွေတိုက်စာချုပ်” NUG Bond ဒေါ်လာတစ်ရာကို ပေးအပ်ဂုဏ်ပြုလိုက်တာပါ။

ပြည်သူတွေအနေနဲ့ နွေဦးသူရဲကောင်းတွေကို ရည်စူးပြီး သူတို့ရဲ့ကျန်ရစ်သူမိသားစုအတွက် NUB Bond ဖြစ်တဲ့ “ဒို့ … နွေဦးသူရဲကောင်းအတွက် ငွေတိုက်စာချုပ်” တွေကို ဆက်သွယ်ဝယ်ယူလှူဒါန်းပေးနိုင်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန (MOPFI) နဲ့ Public Voice Television (PVTV) တို့ပူးပေါင်းပြီး ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ကြီးမြတ်စွာအသက်ပေးခဲ့ကြတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်သားတွေကို ဂုဏ်ပြုမှတ်တမ်းတင်ဖို့နဲ့ ကျန်ရစ်သူမိသားစုတွေရဲ့ အစားထိုး မရတဲ့ ဆုံးရှုံးမှုအတွက် တစ်စုံတစ်ရာ ဖြေသိမ့်ပေးနိုင်ဖို့အတွက် “ဒို့ … နွေဦးသူရဲ့ကောင်းများအတွက် ငွေတိုက်စာချုပ်” အစီအစဉ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်နေ့ဖြစ်တဲ့ ၂၀၂၂ ခုနှစ် မေလ ၅ ရက်နေ့မှာ စတင်ခဲ့ပါတယ်။

အလှူရှင်များအနေနဲ့ တော်လှန်ရေးမှာ အသက်ပေးခဲ့ကြတဲ့ မိမိတို့လှူဒါန်းလိုသောသူရဲကောင်းရဲဘော်အမည်ကို တိုက်ရိုက် ဖြစ်စေ၊ Our Spring Heroes မှစီစဉ်ပေးတဲ့ သူရဲကောင်းတွေကိုဖြစ်စေ သူတို့ရဲ့ ကျန်ရစ်သူ မိသားစုတွေအတွက် NUG Bond ဝယ်ယူလှူဒါန်း ပေးချင်သူတွေ ရှိပါက https://facebook.com/ourspringheroes ရဲ့ Messenger မှတဆင့် ဆက် သွယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

တော်လှန်ရေးအတွက် အသက်ပေးခဲ့ကြတဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုရာလည်းရောက်၊ သူရဲကောင်းတို့ရဲ့ ကျန်ရစ်သူ မိသားစုတွေကိုလည်း တစ်စုံတစ်ရာ စောင့်ရှောက်မှုပေးရာလည်းရောက်၊ NUG Bond ဝယ်ပြီး တော်လှန်ရေးအောင်မြင်ဖို့ တစ်တပ်တစ်အား ပါဝင်အားဖြည့်ရာလည်းရောက်တဲ့ “ဒို့ … နွေဦးသူရဲကောင်းများ အတွက် ငွေတိုက်စာချုပ်” အစီအစဉ်မှာ တတ်အားသရွေ့ပါဝင်လှူဒါန်းပေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။

#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel – https://t.me/pvtvmyanmar
#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar
တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.