“တိုက်ပွဲဝင်မှ အောင်ပွဲဆင်” ဆိုတဲ့ ရန်ကုန်လူထုသပိတ်
ဇန်နဝါရီ ၁၆ ၊ ၂၀၂၂
ရန်ကုန်လူထုသပိတ်ကတော့ “တိုက်ပွဲဝင်မှအောင်ပွဲဆင်” ဆိုတဲ့ လူထုတေးသံသီချင်းကိုဆိုပြီးတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ဒီနေ့ ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။
ဆန္ဒပြသူတွေက လုံခြုံရေးထူထပ်တဲ့ ကြားထဲကနေ ရန်ကုန်မှာ တေးသီချင်းတွေ ဟစ်ကြွေးပြီး ဆန္ဒပြခဲ့ကြတာပါ။
ဖက်ဆစ်စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့တော်လှန်ရေးအရေးတော်ပုံကြီးဟာ လာမယ့် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလမှာ တစ်နှစ်ပြည့်တော့မှာဖြစ်ပါတယ်။
တောင်တန်းပြည်မမြို့ရွာမကျန် တစ်တိုင်းပြည်လုံးရှိ ပြည်သူလူထုရဲ့ အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေဟာ ယနေ့ထိတိုင် ၂၁နွေဦးတော်လှန်ရေးခရီးစဉ်တစ်လျှောက် အားကောင်းနေဆဲပဲဖြစ်ပါတယ်။
တော်လှန်ရေးအင်အားမှာ ပြည်သူဟာရဲဘော်၊ ရဲဘော်ဟာပြည်သူဖြစ်တယ်။ ပြည်သူတွေမှာပြည် သူပဲ ရှိတယ်။
အောင်ပွဲဆိုတာ တိုက်ရဲသူတွေအတွက်သာဖြစ်တာကြောင့် တိုက်ပွဲဝင်မှ အောင်ပွဲဆင်နိုင်မှာဖြစ်ပါတယ်။
ယခုအချိန်ဟာ ပြည်သူ့အာဏာပြည်သူကိုပြန်ပေးဖို့တောင်းဆိုရမှာမဟုတ်ဘဲ ပြည်သူ့အာဏာကို ပြည်သူကိုယ်တိုင် ပြန်လည်အရယူဖို့ အချိန်ဖြစ်ပါတယ်လို့ ရန်ကုန်လူထုသပိတ်က ပြောထားတာတွေ့ရ ပါတယ်။#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။