တရုတ်-အာဆီယံထိပ်သီးအစည်းအဝေးကို အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်တက်ခွင့်မရ


တရုတ်-အာဆီယံထိပ်သီးအစည်းအဝေးကို အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်တက်ခွင့်မရ
၂၂ နိုဝင်ဘာလ ၂၀၂၁

မြန်မာနိုင်ငံက အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ဟာ တရုတ်-အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်ခွင့်မရဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

နိုဝင်ဘာ ၂၂ ရက်မှာ ကျင်းပတဲ့ တရုတ်-အာဆီယံထိပ်သီးအစည်းအဝေးကို တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ အာဆီယံနိုင်ငံတွေက ခေါင်းဆောင်အားလုံးတက်ရောက်ကြပေမယ့် မြန်မာနိုင်ငံက အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ကို တော့ တက်ရောက်ခွင့်မပေးခဲ့တာဖြစ်ပါတယ်။

အစောပိုင်းသတင်းတွေအရ တရုတ်အထူးကိုယ်စားလှယ်က တရုတ်-အာဆီယံထိပ်သီးအစည်းအဝေးကို အကြမ်းဖက်စစ်ခေါင်းဆောင်တက်ရောက်ခွင့်ရရေးစည်းရုံးခဲ့ပေမယ့် အာဆီယံနိုင်ငံအချို့က ပြီးခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံအတိုင်း ဆက်လက်ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါ တယ်။

အကြမ်းဖက်စစ်ခေါင်းဆောင်ကို ပြီးခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံတက်ရောက်ခွင့်ကိုလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ပိတ်ပင်ခဲ့ပါတယ်။အာဏာလု​ခေါင်း​ဆောင်ကိုဒီလို တက်​ရောက်ခွင့်မ​ပေးတာဟာအာဆီယံအတွက် သမိုင်းဝင်ဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့ပါတယ်။

Credit – People’s Spring
https://www.facebook.com/LuduNwayOo

Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.