တယ်လီနော-မြန်မာကို Investcom လုပ်ငန်းစုဆီကို ရောင်းချလိုက်ရင် သုံးစွဲသူတွေရဲ့

တယ်လီနော-မြန်မာကို Investcom လုပ်ငန်းစုဆီကို ရောင်းချလိုက်ရင် သုံးစွဲသူတွေရဲ့
အချက်အလက် အသေးစိတ်ကို စစ်တပ်က ရရှိသွားမှာ ဖြစ်လို့ မရောင်းချဖို့ NUGတောင်းဆို

ဖေဖော်ဝါရီ ၁၉၊ ၂၀၂၂

နော်ဝေနိုင်ငံအခြေစိုက် Telenor Group လုပ်ငန်းစုက မြန်မာနိုင်ငံဆိုင်ရာ လက်ခွဲကုမ္ပဏီ Telenor Myanmar ကို စစ်ကောင်စီနဲ့ နီးစပ်တဲ့ Investcom လုပ်ငန်းစုဆီကို ရောင်းချမယ့်ကိစ္စ တားဆီးနိုင်ရေးအတွက် ရည်ရွယ်တဲ့ အွန်လိုင်းဆွေးနွေးပွဲတခုကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။

အဲ့ဒီဆွေးနွေးပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနက ဝန်ကြီး ဦးထင်လင်းအောင်၊ ဝန်ကြီးရဲ့ အတွင်းရေးမှူး ဦးလွှမ်းမိုး၊ NUG နော်ဝေနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးမောင်မောင်မြင့်၊ CRPH/NUG ထောက်ကူပြုအဖွဲ့ (နော်ဝေ) ရဲ့ အတွင်းရေးမှူး ဒေါ်ဝတ်မှုန်ဝင်းနဲ့ နော်ဝေလွှတ်တော်အမတ်​တွေဖြစ်တဲ့ Mr. Ola Elvestuen (Liberal Party), Mr. Dag Inge Ulstein (Christian Democratic Party) နဲ့ Rasmus Hansson (Green Party) တို့ တက်ရောက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဦးထင်လင်းအောင်က တယ်လီနော သုံးစွဲသူ ဦးရေ ၁၈ သန်းကျော်မြန်မာမှာ ရှိရာ၊ အဲဒီအရေအတွက်က မြန်မာနိုင်ငံသား ဦးရေစုစုပေါင်းရဲ့ သုံးပုံတပုံဖြစ်သလို ဒီလို သုံးစွဲသူ များပြားတာက မြန်မာနိုင်ငံသားတွေအပေါ် စိတ်ရင်းမှန်ကန်တဲ့ နော်ဝေနိုင်ငံကို မြန်မာနိုင်ငံသားတွေက ယုံကြည်လေးစားရင်းစွဲရှိတာအပြင် တယ်လီနော-မြန်မာကို Investcom လုပ်ငန်းစုဆီကို ရောင်းချလိုက်ရင် သုံးစွဲသူတွေရဲ့
အချက်အလက် အသေးစိတ်တွေစစ်တပ်က ရရှိသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင်သုံးစွဲသူတွေရဲ့ လုံခြုံရေးကို ထိခိုက်နိုင်ပြီး အသက်အန္တရာယ်ပါရှိနိုင်သလို တယ်လီနော-မြန်မာကို ရောင်းချမှု ရပ်ဆိုင်းထားဖို့ NUG အစိုးရက တောင်းဆိုတယ်လို့ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီး ဦးထင်လင်းအောင်က ပြောဆိုပါတယ်။

နော်ဝေပါလီမန်အမတ်တွေကလဲ သူတို့အနေနဲ့ ဦးထင်လင်းအောင်နဲ့ တသဘောထဲ ရှိတဲ့အပြင် ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ လွှတ်တော်တွင်း အမေးအဖြေကဏ္ဍမှာ တယ်လီနော-မြန်မာ ရောင်းချမှုကို အစိုးရက ၀င်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့ ကုန်သွယ်ရေးနှင့် စက်မှုဌာန ဝန်ကြီးက ဖြေဆိုခဲ့ပြီးအဲ့ရောင်းချမှု အထမမြောက်ဖို့ မြန်မာလူထု ကိုယ်စားပြုတဲ့ NUG အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် တယ်လီနော-မြန်မာ ရောင်းချမှုကို ရပ်တန့်သွားစေနိုင်မယ့် နည်းလမ်း​တွေဝိုင်းဝန်းဆွေးနွေးကြပြီး အမြန်ဆုံး အကောင်အထည်ဖေါ်ကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ CRPH Support Group,Norway လူမှုကွန်ယက်စာမျက်နှာရေးသားထားတာတွေ့ရပါတယ်။

#SpringRevolution
#PVTV
#PVTVNews
#PVTV ရဲ့ သတင်းများကို Telegram Channel – https://t.me/pvtvmyanmar
ကို subscribe လုပ်ထားခြင်းအားဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။





Public Voice is Public Power.

PVTV will broadcast the activities of Committee Representing Pyidaungsu Hluttaw, National Unity Consultative Council and National Unity Government and other artworks which reflect the spirit of Spring Revolution.